မြှောက်တာနဲ့ ချီးမွမ်းစကား ပြောတာ လုံးဝ လုံးဝ မတူပါဘူး။ လူတစ်ယောက်တော်လို့၊ တတ်လို့၊ လုပ်နိုင်လို့၊ အောင်မြင်လို့ မချီးမွမ်းချင်နေပါ။ မြှောက်တော့ မမြှောက်လိုက်ပါနဲ့။
အမှန်တော့ မြှောက်ပင့် ပြောဆိုတယ် ဆိုတာ မကောင်းဘူး။ စိတ်ထဲက မပါဘဲ ပြောလိုက်တာ။ တစ်ဘက်လူကို အလုပ်လုပ်ချင်အောင် တမင်သက်သက်လုပ်ကြံပြီး ပြောဆိုလိုက်တာပါ။ ချီးမွမ်းတယ် ဆိုတာကတော့ အဲသည်လို မဟုတ်။ တစ်ဖက်လူ တကယ်ကို တော်ကြောင်း၊ ကောင်းကြောင်းကို ရင်ထဲကပါပါပြောဆိုလိုက်ခြင်းသာ ဖြစ်ပါတယ်။
မြှောက်ပြောတာနဲ့ ချီးမွမ်း ပြောတာ ဘာကွာလဲဆိုတာ အဓိက ပြောဆိုသူသာ သိပါလိမ့်မယ်။ ချီးမွမ်းစကား ဆိုခြင်းသည် မိမိရော ချီးမွမ်း ခံရသူရော၂ ဦးစလုံးမှာ အကျိုးရှိတယ်။ မြှောက်ပင့်ခြင်းကတော့ အဲလို မဟုတ်။ မုသားသုံး အရောင်ဆောင်ကာ စကားလုံး လှလှလေးတွေနဲ့ အခြားသူကိုပြောဆို လိုက်ခြင်းပါပဲ။ ဒီအတွက် မမြှောက်ပင့်ပါနဲ့ ချီးမွမ်းစကား ပြောဆိုပါ။
ကျော်လင်းနိုင် (ရိုးရာလေး)
Sign up here with your email
ConversionConversion EmoticonEmoticon