မွေးကင်းစကလေး ကိုယ်အလေးချိန်အတက်အကျ စိတ်မပူရစေဖို့


မွေးကင်းစ ကလေးဟာ မွေးပြီး ၃-၄ ရက်အတွင်းမှာ မွေးခါစက ကိုယ်အလေးချိန်ထက် ၅-၇% ခန့် ပြန်ကျသွား တတ်ပါတယ်။ တချို့ကလေးတွေက ၁၀% ထိ ကိုယ်အလေးချိန် ကျတတ်ပေမဲ့ ထူးခြားမှု မရှိရင် စိုးရိမ်စရာ မရှိပါဘူး။ ကလေး နှစ်ပတ်သား အရွယ်မှာ မွေးကင်းစက အလေးချိန်ကို ပြန်ရောက်လာရမှာ ဖြစ်ပါတယ်။

ကလေး ၃-၄ လ အရွယ်မှာ မွေးခါစက ကိုယ်အလေးချိန်ရဲ့ နှစ်ဆကို တက်လာရ မှာဖြစ်ပါတယ်။ တစ်နှစ်တင်းတင်း ပြည့်တဲ့အချိန်မှာတော့ မွေးခါစက အလေးချိန်ရဲ့ ၂ ဆမှ ၃ဆထိ တက်လာရပါမယ်။ အဲဒီ တစ်နှစ် အတွင်းမှာ ကလေးဟာ ချက်ချင်း ကြီးထွားလာသလိုမျိုး ၅ ကြိမ်ခန့် ဖြစ်နိုင်ပြီး အ၀တ်အစားတွေက နေ့ချင်းညချင်း မတော်တော့တာမျိုး ဖြစ်တတ်ပါတယ်။ တစ်နာရီခြား တစ်ခါ အစားစားဖို့ (သို့) နို့်စို့ဖို့ တောင်းဆိုနေတတ်ကြပြီး ကလေးရဲ့ ဖွံ့ဖြိုးမှု အတွက် ဒါဟာ ပုံမှန်ပဲဖြစ်ပါတယ်။

မိခင်နို့စို့တဲ့ ကလေးက ပထမ ၃-၄ လမှာ နို့မှုန့် သောက်တဲ့ ကလေးထက် ကိုယ်အလေးချိန် ပိုများတတ်ပေမဲ့ ၆-၁၂ လကြားမှာတော့ နို့မှုန့် သောက်တဲ့ ကလေးက ကိုယ်အလေးချိန် ပိုများသွားတတ်ကြပါတယ်။ တစ်နှစ်ကျော်ပြီးနောက်မှာတော့ ကလေးရဲ့ ကိုယ်အလေးချိန်က ဖြည်းဖြည်းမှန်မှန် တက်လာပြီး အစား စားတာလည်း တစ်နာရီခြား တစ်ခါထက် နည်းသွားမှာဖြစ် ပါကြောင်း မွေးကင်းစ ကလေးငယ်ရဲ့ ကိုယ်အလေးချိန် အပေါ် စိတ်ပူပင်တတ်ကြတဲ့ မိဘများအတွက် ရေးသားတင်ပြလိုက်ရပါတယ်။

မှတ်ချက် - ကလေးရဲ့ ကိုယ်အလေးချိန်ကို မွေးခါစက အလေးချိန်ကို အခြေခံ ပြီးတွက်ရမယ်ဆိုပေမဲ့ မွေးပြီးနောက် ကိုယ်အလေးချိန် အနည်းဆုံးကိုပဲ အခြေခံ တွက်ချက်ရမှာ ဖြစ်ပါတယ်။

စံဝန်းနီ (ရိုးရာလေး)
Previous
Next Post »
Powered by Blogger.