စိတ်ဖိစီးမှုတွကို အဝေးမှာ ချန်ထားခဲ့ပေးပါ


စိတ်ဖိစီးမှုတွေ ခံစားနေရတာကို ရေရှည် ဦးနှောက်မှာ မစွဲကပ်ပါစေနဲ့။ စိတ်ဖိစီးမှုတွေကို အမြန်ဆုံး ပျောက်အောင် ကုသပေးပါ။ ပျော်ရွှင်မှုတွေကို အနားကို ရောက်ရှိလာအောင် ဆွဲခေါ်ပြီး စိတ်ဖိစီးမှုတွေကို အဝေးမှာ ချန်ထားခဲ့ပေးပါ။
-
အတွေးအခေါ်တွေကို သန့်ရှင်းလာအောင် အရင်လုပ်ပါ။ ပြီးတော့ ကောင်းတဲ့ အတွေးအခေါ်တွေကနေ မိမိရဲ့ အလုပ်တွေကိုလည်း အကောင်းဘက်သို့ ပြောင်းတဲ့အခါမှာ စိတ်ဖိစီးမှု ဆိုတာဟာလည်း တဖြည်းဖြည်းနဲ့ ကင်းစင်လာပါလိမ့်မယ်။
-
အတွေးအခေါ်တွေ မကောင်းနေသ၍ အတွေးတွေ ညစ်ညမ်းနေသရွှ့ ဘယ်တော့မှာ စိတ်သောက ရောက်စရာတွေကလည်း ကင်းစင်မှာ မဟုတ်ပါဘူး။ ပျော်ရွှင်မှုတွေကလည်း အတုအယောင်တွေသာ ရောက်လာပါလိမ့်မယ်။

ကျော်လင်းနိုင် (ရိုးရာလေး)
Previous
Next Post »
Powered by Blogger.