နိုင်ငံခေါင်းဆောင်သစ်အကြောင်း ငွေစက္ကူတစ်ရွက်က လှစ်ဟပြတဲ့သင်္ကေတ


အနီရဲရဲ ငွေစက္ကူလေး တစ်ရွက်အတွက် တန်ဖိုးသတ်မှတ် ချက်က ကျပ်ငွေ ၅၀၀၀ ပါ။ ဒါပေ မဲ့ ဒီငွေစက္ကူလေးကတော့ တန်ဖိုး မဖြတ်နိုင်လောက်တဲ့ အခြေအ နေမျိုးကို ပြောင်းလဲရောက်ရှိလာ ပါတယ်။

ငွေစက္ကူလေး တစ်ရွက်ပေါ် မှာ မြန်မာနိုင်ငံရဲ့ လတ်တလော သမိုင်းကြောင်းမှာ အရေးအပါ ဆုံး ပုဂ္ဂိုလ်သုံးယောက်ရဲ့ လက် မှတ်တွေ ရေးထိုးထားပါတယ်။ ဒီငွေစက္ကူလေးက ဒေါ်အောင် ဆန်းစုကြည်နဲ့ သူ့ရဲ့ ကာလရှည် ပြိုင်ဘက် တပ်မတော်တို့ကြား သဘောတူ နားလည်မှုတစ်ရပ် ဖော်ဆောင်လာနိုင်တဲ့ သင်္ကေတ တစ်ခု အသွင်ကို ဆောင်နေပါ တယ်။

ပြီးခဲ့တဲ့ သီတင်းပတ် စနေနေ့ ညပိုင်းက ဖေ့စ်ဘွတ်ခ်ပေါ် လွှင့် တင်လိုက်တဲ့ ငွေစက္ကူဓာတ်ပုံ လေးဟာ မြန်မာနိုင်ငံက လူမှု ကွန်ရက် သုံးစွဲသူတွေကြားမှာ အုံးအုံးကျွက်ကျွက် ဖြစ်သွားစေခဲ့ ပါတယ်။ ဒီဓာတ်ပုံကိုတော့ နေ ရွှေသွေးအောင်ဆိုတဲ့ လူငယ် တစ်ယောက်က ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အ တွင်းမှာ နေရွှေသွေးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သူ့ ရဲ့ အဘိုးဖြစ်သူ ယခင်တပ်မတော် အစိုးရ အကြီးအကဲဟောင်း ဗိုလ် ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေတို့ ကြားမှာ ကြားခံညှိနှိုင်းဆက်သွယ် ပေးသူ တစ်ယောက်အနေနဲ့ ရုပ် လုံးပေါ်လာခဲ့ပါတယ်။ ဦးသန်း ရွှေဟာ ၁၉၉၂ ကနေ ၂၀၁၁ ခုနှစ်ထိ မြန်မာနိုင်ငံကို သံမဏိစည်းမျဉ်းတွေနဲ့ တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့သူပါ။

အဲဒီကာလ အပိုင်းအခြား ဟာ မြန်မာနိုင်ငံ သမိုင်းမှာ အ မှောင်မိုက်ဆုံး နှစ်ပိုင်းတွေအဖြစ် အမှတ်ထင်ထင် ကျန်နေမယ့်အချိန် တွေပါပဲ။ အဲဒီနှစ်တွေ အတောအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ကမ္ဘာကြီးနဲ့အဆက်ပြတ်ပြီး နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေထိုင်ခဲ့ရတယ်။


လွန်ခဲ့တဲ့ ၄ နှစ်ခွဲမှာတော့ ဦးသန်းရွှေက မြန်မာ့နိုင်ငံရေး နယ်ပယ်ကနေ အနားယူသွားခဲ့ ပါတယ်။ သူက လူမြင်ကွင်းကနေ ပျောက်ကွယ်သွားပေမယ့် တ ကယ်တမ်း နိုင်ငံရေးဩဇာကို လက်လွှတ်လိုက်တာလို့ ယုံကြည်

သူ အနည်းစုလောက်ပဲ ရှိခဲ့တယ်။ အသက် ၈၂ နှစ်လောက် ရှိနေပြီ ဖြစ်ပေမယ့် အခုအချိန်ထိ အဓိ က ဆုံးဖြတ်ချက် အားလုံးကို ဦးသန်းရွှေပဲ ချမှတ်နေဆဲလို့ ယူ ဆတဲ့သူတွေ အများကြီး ရှိနေပါ တယ်။

လျှို့ဝှက်မှု၊ ပဟေဠိဆန်မှု အ ငွေ့အသက်တွေကြား သောကြာ နေ့မှာတော့ ဒေါ်အောင်ဆန်းစု ကြည်က နေပြည်တော်က ဦးသန်း ရွှေရဲ့ နေအိမ်ကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှု အကြောင်း ခြေရာခံသိရှိနိုင်ခဲ့တဲ့ တစ်ခုတည်းသော လမ်းကြောင်း ကတော့ တွေ့ဆုံမှုကို စီစဉ်ပေးခဲ့ သူ နေရွှေသွေးအောင်ပဲ ဖြစ်ပါ တယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အခုတွေ့ဆုံမှုဟာ အချိန်နှစ်နာရီ ခွဲလောက် ကြာမြင့်ခဲ့ကြောင်း ရေးသားထားပါတယ်။ ဒါကြောင့် အာလာပသလ္လာပ ပြောဆိုကြရုံ အဆင့်ထက် အများကြီး နက်နဲ မယ်ဆိုတာ ထင်ရှားမြင်သာလာ ခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ နှိုင်းယှဉ်ကြည့်လို့ ရတဲ့ အခြေအနေတွေကတော့ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဒေါ် အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ဦး မင်းအောင်လှိုင်တို့နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့တယ်ဆိုတာပါပဲ။ တရားဝင် သတ်မှတ်ချက်တွေအရတော့ ဒီနှစ်ဦးဟာ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဩဇာအကြီး မားဆုံးပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးရာမှာ ဘယ်သူမှတစ်နာ ရီထက် ပိုမကြာခဲ့ပါဘူး။ ဒီတော့ ဦးသန်းရွှေက အဓိကလူ ဖြစ်နိုင် ကောင်းပါတယ်။

အမုန်းနဲ့အာဃာတမထား

တွေ့ဆုံမှု အပြီးမှာ ပါဝင် ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေက သူ့ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ မှတ်ချက်ခပ် တိုတိုနှစ်ခု ထုတ်ပြန်ရေးသားဖို့ လက်ခံ ခွင့်ပြုခဲ့တယ်လို့ ဆိုပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆိုလိုရင်းက နည်းနည်း ရိုးရိုးရှင်း ရှင်း ဖြစ်နေပါတယ်။ သူက တိုင်း ပြည်အကျိုးကို ထိခိုက်ဆုတ်ယုတ် စေနိုင်တဲ့ အငြိုးအတေးနဲ့ အာဃာ တ တရားတွေ လုံးဝမထားရှိ ကြောင်း၊ အနာဂတ် မြန်မာနိုင်ငံ တော် အောင်အောင်မြင် မြင် တည်ထောင်နိုင်ရေးအတွက် တပ်မတော် အပါအဝင် အဖွဲ့အ စည်း အားလုံးနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဦးသန်းရွှေနဲ့ တွေ့ဆုံ ဆွေးနွေးလိုခဲ့ကြောင်း ဆိုထားပါတယ်။

ဦးသန်းရွှေရဲ့ မှတ်ချက်က တော့ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတယ်။ ဒါဟာ စစ်အာဏာရှင် ဟောင်း တစ်ယောက်က သူကိုယ် တိုင် ဆယ်စုနှစ်နဲ့ချီ ကြာမြင့် အောင် ချုပ်ကိုင်ဖိနှိပ်ထားဖို့ ကြိုး စားခဲ့တဲ့ အမျိုးသမီး တစ်ယောက် နဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

ဦးသန်းရွှေက ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့အတွက် မြန်မာနိုင်ငံ ရဲ့ အနာဂတ်ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာ မှာ အားလုံးလက်ခံရမယ့် အမှန်တရားဖြစ်တဲ့အကြောင်း၊ ဒေါ် အောင်ဆန်းစုကြည်သာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို အ မှန်တကယ် ကြိုးစားဆောင်ရွက် မယ်ဆိုရင် သူ့အနေနဲ့ တတ်နိုင်တဲ့ ဘက်က အစွမ်းကုန် ပံ့ပိုးကူညီ မှာဖြစ်ကြောင်း ဦးသန်းရွှေရဲ့ အ ဆိုကို နေရွှေသွေးအောင်က ဖော် ပြထားပါတယ်။

ဒီစကားစုမှာ အနာဂတ် ခေါင်းဆောင်ဆိုတဲ့ ဝေါဟာရရဲ့ အနက်အဓိပ္ပာယ်က ဘာကို ဆိုလို တာပါလဲ။ ပံ့ပိုးကူညီခြင်းဆိုတဲ့ သတ်မှတ်ချက်အပေါ် ဦးသန်းရွှေ ရဲ့ စိတ်ထဲမှာ ဘယ်လိုသတ်မှတ် ထားမလဲ။

ဦးသန်းရွှေ ရည်ညွှန်းတဲ့ ခေါင်းဆောင်ဆိုတဲ့ စကားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် အသုံးပြု ခဲ့ဖူးတဲ့ စကားတစ်ခွန်းရဲ့ အဓိပ္ပာယ်အတူတူ ဖြစ်ကောင်း ဖြစ် ပါလိမ့်မယ်။ ဖွဲ့စည်းပုံ ဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မ တဖြစ်ခွင့်ကနေ တားဆီးထားပါ တယ်။ သူ့သားတွေက ဗြိတိန်နိုင်ငံ သား ခံယူထားလို့ပါ။ ဒေါ်အောင် ဆန်းစုကြည်က သူဟာ အစိုးရအ ဖွဲ့သစ်ကို ခေါင်းဆောင်မှာဖြစ် ပြီး သမ္မတရဲ့ အထက်က နေရာ မှာ သူရပ်တည်မယ်လို့ ယူဆနိုင် ကြောင်း ပြောခဲ့ဖူးပါတယ်။

ဖွဲ့စည်းပုံဥပဒေ အတိုးအလျှော့

ဘာပဲဖြစ်ဖြစ် ဦးသန်းရွှေ ရွေး ချယ်သုံးနှုန်းထားတဲ့ ဝေါဟာရက ဖြစ်နိုင်ခြေ နည်းတဲ့တိုင် သီးသန့် ဖြေရှင်း သဘောတူညီမှုတစ်ခု ဖြစ်မြောက်လာနိုင်သေးတယ် ဆို တဲ့ ခန့်မှန်းမှုတွေကို အားကောင်း လာစေခဲ့ပါတယ်။ တစ်နည်းအား ဖြင့် ဦးသန်းရွှေက ဒေါ်အောင်ဆန်း စုကြည်ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီမှာ မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ် လာခွင့်ပေးဖို့ ထောက်ခံသဘော တူလိုက်တဲ့ အခြေအနေမျိုးပေါ့။

ဒီအတွက် ဖွဲ့စည်းပုံ ဥပဒေ မှာ ပြင်ဆင်ပြောင်းလဲမှု တချို့တ လေတော့ မဖြစ်မနေ လိုအပ်ပါ တယ်။ ဒါပေမဲ့ မြန်မာ့တပ်မတော် ကသာ ဒီကိစ္စအတွက် ဆန္ဒရှိမယ် ဆိုရင် နည်းလမ်းတစ်ခု ရှာတွေ့ ဖို့က သေချာသလောက်ပါပဲ။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရရှိ မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဦးဆောင်မှုကို လိုလား ထောက်ခံကြတာကြောင့် ဖြစ် တယ် ဆိုတာကို တပ်မတော်ရဲ့ ထိပ်တန်းအရာရှိကြီးတွေ ကိုယ် တိုင်က မျက်ကွယ်ပြု ဟန် ဆောင်ဖုံးကွယ်နေဖို့ အားထုတ်မှု မျိုး လုံးဝမရှိတာကလည်း ထင် ရှားပါတယ်။

ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မယ်လို့ ယုံကြည်သူတစ်ဦး ကို ရွေးချယ်လိုက်တာဖြစ်ကြောင်း၊ နောက်တစ်ဆင့်အနေနဲ့ ရွေး ကောက်ခံပုဂ္ဂိုလ်က ပြည်သူတွေ ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေး ရမှာဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီး ဦးမင်းအောင်လှိုင်က ၀ါရှင် တန်ပို့စ် သတင်းစာနဲ့ အင်တာ ဗျူးမှာ ပြောဆိုထားခဲ့ပါတယ်။

အနည်းအကျဉ်းလောက်က တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေး ကန့်သတ်တား ဆီးထားတဲ့ ပုဒ်မ ၅၉(စ)ကို လျှော့ပေါ့နိုင်တဲ့ အနေအထား တစ်ခု ထွက်ပေါ်လာမယ်လို့ ယူ ဆနေပါတယ်။

ဦးသန်းရွှေ အပါအဝင် မြန် မာ့တပ်မတော် ခေါင်းဆောင် တွေဟာ လွန်ခဲ့တဲ့ ၂၅ နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ လွတ်လပ်ခွင့်နဲ့ နိုင်ငံ ရေး ဩဇာကို ကန့်သတ်ချုပ်ကိုင် ဖို့ ကြိုးစားအားထုတ်ခဲ့ကြပါတယ်။ အခုအချိန်ကျမှ ဒေါ်အောင်ဆန်း စုကြည်အပေါ် သူတို့ကိုယ်တိုင် ပြဋ္ဌာန်းထားတဲ့ သတ်မှတ်ချက် တွေကို ဖြေလျှော့ပေးဖို့ အမှန် တကယ် လိုလားကြမှာလား။ ရွေး ကောက်ပွဲဟာ အရာရာကို တ ကယ်ပဲ ပြောင်းလဲသွားစေမှာ လား။

ငွေစက္ကူလေးရဲ့ သဲလွန်စ

ဒီတော့ ငွေစက္ကူလေးဆီ ပြန် သွားကြရအောင်။ စနေနေ့ညက နေရွှေသွေးအောင် ဖေ့စ်ဘွတ်ခ် ပေါ် တင်ထားတဲ့ ငါးထောင်တန် ငွေစက္ကူပေါ်မှာ ၂၀၀၉ ခုနှစ်တုန်း က ဦးသန်းရွှေ ထိုးခဲ့တဲ့လက် မှတ်၊ လက်ရှိသမ္မတ ဦးသိန်းစိန် ၂၀၁၂ ခုနှစ်က ထိုးခဲ့တဲ့ လက် မှတ်နဲ့ နိုဝင်ဘာ ၁၉ ရက်က နေရွှေသွေးအောင်နဲ့ တွေ့ဆုံချိန် မှာ ဒေါ်အောင်ဆန်းစုကြည် ထိုးခဲ့ တဲ့ လက်မှတ်တွေ ရှိနေပါတယ်။

နေရွှေသွေးအောင်ကတော့ ဒီလက်မှတ်တွေဟာ မြန်မာ နိုင်ငံရဲ့ ခေါင်းဆောင်တွေ၊ ခေါင်း ဆောင်ဖြစ်မယ့် လမ်းကြောင်းပေါ် ရှိနေသူတွေရဲ့ လက်မှတ်တွေလို့ ညွှန်းဆိုထားပါတယ်။

ဖွင့်ဆိုချက်က ရှင်းလင်းလွန်း တယ်။ ဦးသန်းရွှေကနေ ဦး သိန်းစိန်၊ ဦးသိန်းစိန်ကနေ ဒေါ် အောင်ဆန်းစုကြည်ဆိုပြီး ဆက်ခံ သွားမယ့် သဘောလို့ ဖြစ်နိုင်ခြေ ထုတ်နုတ်တွေးတောမှု တချို့ လည်း ရှိလာတယ်။

ဖေ့စ်ဘွတ်ခ်က ငွေစက္ကူ ဓာတ်ပုံလေးအောက်မှာ နေရွှေ သွေးအောင်ကို သူ့ရဲ့ အားထုတ်မှု အတွက် ချီးကျူးထောမနာ ပြု ထားတဲ့ မှတ်ချက်ပေါင်း ထောင် ကျော်လောက် တွေ့မြင်ရပါ တယ်။ တစ်ယောက်ကဆိုရင် နိုဗယ်ငြိမ်းချမ်းရေး ဆုအတွက် တောင် ထည့်စဉ်းစားသင့်တယ်လို့ ညွှန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်)ကတော့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် အ ချက်အလက်တွေကို မှတ်ချက် ပေးဖို့ ငြင်းဆိုထားဆဲပါ။ ဒါပေမဲ့ ဆွေးနွေးမှုမှာ ဒေါ်အောင်ဆန်း စုကြည် ဘယ်လောက်ထိ ခရီး ပေါက်ခဲ့သလဲ။ နိုင်ငံရေး အကျဉ်း သားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဒေါ် အောင်ဆန်းစုကြည်ဟာ အစိုးရ သစ်ကို ဦးဆောင်ပါတော့မယ်။ ဒါပေမဲ့ ထဲထဲဝင်ဝင် ဘယ်ပုံ ဘယ်နည်းနဲ့လဲ။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားသွားပုံ က အရမ်းပွင့်လင်းမြင်သာရှိပါ တယ်။ တပ်မတော်အပေါ် လွှမ်းမိုး သက်ရောက်ဖို့ အားထုတ်ရတဲ့ တိုက်ပွဲကတော့ အင်မတန် လျှို့ ဝှက်သိုသိပ်နေတယ်။

ဆွဲထုတ်စရာ သတင်းအစ အနက နည်းလွန်းတယ်။ မြန်မာပြည်သူတွေကတော့ ငွေစက္ကူ လေး တစ်ရွက်ရဲ့ ကျောဘက်မှာ ရေးထားတဲ့ စာလေးတွေ ဖြစ်စေ ဦးတော့၊ လက်ရှိ ထွက်ပေါ်လာ သမျှ သဲလွန်စတိုင်းကို ဖက်တွယ် ထားကြမှာ ဖြစ်ပါတယ်။

(BBC သတင်းဌာနမှ ဂျိုနာဖစ်ရှာ ရေးသားသည့် What a signed banknote tells us about Myanmar's next leadership ဆောင်းပါးကို ဇွဲရဲဝင့် ဘာသာပြန် ဆိုသည်။)

7day daily
Previous
Next Post »
Powered by Blogger.