ဒိန်းမတ်နိုင်ငံကသုတေသနပညာရှင်တွေရဲ့တွေ့ ရှိချက်အရ လူတွေဟာ သွေးတွင်းကိုလက်စထရော ဖြစ်တည်မှုကို တိုက်ဖျက်ပေးတဲ့ ဆေးဝါးတွေမှီဝဲမှုကို ရပ်တန့် ပစ်လိုက်ကြတာကြောင့် နှလုံးဖောက်နိုင်ခြေ အန္တရာယ်ဟာ ၂၆ ရာခိုင်နှုန်းမြင့်တက်လာပြီး နှလုံးနှင့်သွေးလမ်းကြောင်းဆိုင်ရာရောဂါတွေကြောင့် သေဆုံး နိုင်ခြေဟာ ၁၈ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။
Statins ကိုလက်စထရောကျဆေးတွေကို မကောင်းဖော်ပြတဲ့ဆေးပညာသတင်းတွေကြောင့် လူတွေဟာ စတေတင်မှီဝဲမှုလျော့ကျာသွားသွားပြီး နှလုံးဖောက်မှုဖြစ်နိုင်ခြေလည်း ပိုများလာတယ်လို့  သိရပါတယ်။Statins ဆိုတဲ့ ကိုလက်စထရောကျဆေးတွေဟာ ကမ္ဘာမှာစိတ်အချရဆုံးဆေးဝါးတစ်ခုအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စတေတင်ဆေးစတင်မှီဝဲတဲ့အခါမှာ မပြင်းထန်တဲ့ နောက်ဆက်တွဲလေးတွေဖြစ်တဲ့ ကြွက်သားနာကျင်ကိုက်ခဲတာမျိုးနဲ့ ဆိုးရွားတဲ့အခြေအနေမှာ ကြွက်သားဆဲလ်ပျက်စီးမှုတွေ ဖြစ်နိုင်တယ်လို့  ဆိုပါတယ်။
ဒါပေမယ့် လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ Nordestgaard က “ တကယ်လို့ ဆေးအကြောင်းမကောင်းသတင်းတွေထွက်လာရင် ဒီဆေးရဲ့ အကျိုးကျေးဇူးက သတင်းစာထဲမှာပါတဲ့ မဆိုစလောက်ဆိုးကျိုးတွေထက် အဆပေါင်းများစွာ အလေးသာနေတယ်ဆိုတာ လူနာကို ရှင်းပြပေးမယ့် ဆရာဝန်တွေလိုအပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ye wint - Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon