မြန်မာနိုင်ငံကိုယ်စားပြုပြီး မယ်စကြ၀ဠာပြိုင်ပွဲ ၀င်ပြိုင်နေတဲ့ အလှမယ် မေဘရဏီသော်ဟာ စင်မြင့်ပေါ်မှာ အလှပြ လမ်းလျှောက်ရင်း လှေကားထစ်အဆင်းမှာ ခြေခေါက်သလိုဖြစ်ပြီး ထိုင်လျက်ကျတဲ့ အနေအထားမျိုး ဖြစ်သွားခဲ့ပါတယ်။
ခြေချော်ခဲ့ပေမယ့် လက်နဲ့ အမြန်ထောက်ပြီး ပြန်ထလိုက်နိုင်တာကြောင့် တစုံတရာ စိုးရွံ့မှုမရှိ ဟန်ချက်ပျက်မသွားခဲ့ပါဘူး။
ဒီအခြေအနေမှာ ယုံကြည်မှုအပြည့်ရှိတာကို ပြသတဲ့အနေနဲ့ မေဘရဏီသော်က လက်ခုပ်တီးပြီး ရွှင်ရွှင်မြူးမြူး လမ်းပြန်လျှောက်နိုင်တဲ့အတွက် ပြိုင်ပွဲမှာ လက်ခုပ်သံတွေ ညံစီသွားပါတယ်။
၂၀၁၅ ခုနှစ် မယ်စကြ၀ဋ္ဌာပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေပြီး သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြု အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်နေပါတယ်။
ရုပ်သံ – Myanmar Pageants / DVB
Sign up here with your email
ConversionConversion EmoticonEmoticon