ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၅ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဆပ်သွားခြုံကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ညောင်ခါးရှည်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်မှ ကျိုက်ထိုဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ (၁၆)ရပ်ကွက်နေ စိုင်းလုံ(၄၄)နှစ် မောင်းနှင်လာသည့် 5H/×××× လိုက်ထရပ်ဘုရားဖူးယာဉ်အား ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်နေ ကျော်မင်းမျိုး(၂၉)နှစ်မောင်းနှင်လာသော 3B/×××× (၁၀)ဘီး ကွန်တိန်နာယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်ဘက်မှ ဝင်ရောက်တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ဘုရားဖူးယာဉ်ပေါ်တွင် လိုက်ပါလာသူ မြောက်ဒဂုံမြို့နယ်နေ မဆွေဆွေအောင် (၂၇)နှစ်နှင့် တစ်ရပ်တည်းနေ မဇင်မာလှိုင်(၂၂)နှစ်တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဘုရားဖူးယာဉ်မောင်း စိုင်းလုံပါ(၁၀)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မောင်း ကျော်မင်းမျိုးအား ညောင်ခါးရှည်နယ်မြေရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
Sign up here with your email
ConversionConversion EmoticonEmoticon