ကျွန်တော်တို့ ငယ်ငယ်က အမေဟာ ကျွန်တော်တို့ကို အမြဲပြုစုတယ်။ အမေ အသက်ကြီးလာတော့ရော ကျွန်တော်တို့ ပြုစု ပြီးပြီလား။
တစ်ခါတစ်လေ အချိန်ကာလ ဆိုတာက အရာရာကို ပြောင်းလဲ နိုင်ပါတယ်။ ပြုစုခွင့် ရတဲ့ အချိန်မှာ အမေ့ကို ပြုစုပေးပါ။ အမေဟာ အမြဲ ကျွန်တော်တို့ ဘေးမှာ ရှိနေမှာ မဟုတ်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်
ရောက်ရင်တော့ အမေဟာ ကျွန်တော်တို့ အနားကနေ ဖြည်းဖြည်းလေး ထွက်ခွာသွားတော့မှာပါ။
တစ်ချို့သော အရာတွေက စိတ်ကူးရုံနဲ့ မပြီးသေးပါဘူး။ လက်တွေ့ အကောင်အထည် ဖော်ဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် မိဘအတွက်ဆိုရင် ပိုတောင်မှ လိုအပ်ပါသေးတယ်။ အမေ.. ကျွန်တော်တို့ ဘေးကနေ မထွက်သွားခင် ပြုစုလိုက်ကြရအောင်လား။(ဓာတ်ပုံ - laughingcolour)
ကျော်လင်းနိုင် (ရိုးရာလေး)
Sign up here with your email
ConversionConversion EmoticonEmoticon