ကမ္ဘာ့အထူးဆန်းဆုံး အိမ်ထောင်ရေးဥပဒေ ၁၁ ခု


ဗြိတိသျှအစိုးရရဲ့ ထုတ်ပြန်ထားချက်အရ သူတို့နိုင်ငံတွင်းက အိမ်ထောင်ပြုသူတွေရဲ့ ၄၂ ရာခိုင်နှုန်းဟာ ကွာရှင်းမှုနဲ့ အဆုံးသတ်ကြတယ်လို့ သိရပါတယ်။

ဒီအချက်အလက်ကိုကြည့်ပြီး စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ပျော်စရာမရှိတဲ့အိမ်ထောင်ရေးကလည်း အနာဂတ်ပျောက်သလိုေ၀၀ါးဝါးနဲ့ နှစ်ဖက်ဆိုးကျိုး များနိုင်ပါတယ်။

အခုဖော်ပြပေးမှာကတော့ Glitzy Secrets ရဲ့အကူအညီနဲ့ Metro သတင်းဝက်ဘ်ဆိုက်က ဖော်ပြပေးခဲ့တဲ့ ကမ္ဘာတစ်ဝှမ်းက အထူးဆန်းဆုံး အိမ်ထောင်ရေးဥပဒေတွေပဲ ဖြစ်ပါတယ်။

၁။ ဆော်ဒီအာရေဗျ

ဆော်ဒီအာရေဗျက အမျိုးသမီးတွေဟာ သူတို့ခင်ပွန်းတွေက မနက်တိုင်း သူတို့အတွက် လတ်ဆတ်တဲ့ကော်ဖီယူလာပေးဖို့ ပျက်ကွက်ခဲ့ရင် ကွာရှင်းခွင့် တရားဝင်တောင်းခံနိုင်ပါတယ်။

၂။ ဟောင်ကောင်

တရုတ်ရှေးဟောင်းဥပဒေအရ ဟောင်ကောင်ကျွန်းက အမျိုးသမီးတွေဟာ ခင်ပွန်းဖြစ်သူ ဖောက်ပြန်တာကို မိခဲ့ရင် သတ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာကတော့ ဇနီးဖြစ်သူဟာ သူ့ခင်ပွန်းကို လက်ဗလာနဲ့ပဲ သတ်ခွင့်ရှိပြီး လက်နက်အသုံးပြုခွင့် မရပါဘူး။

၃။ ဆာမိုအာ

ဆာမိုအာကျွန်းနိုင်ငံမှာတော့ ခင်ပွန်းတစ်ဦးဟာ အမျိုးသမီးဖြစ်သူရဲ့မွေးနေ့ကို မေ့နေခဲ့ရင် ဇနီးဘက်က ကွာရှင်းခွင့် တောင်းခံနိုင်ပါတယ်။

၎။ စကော့တလန်

စကော့တလန်နိုင်ငံမှာ (၁၉၃၉ ခုနှစ်အထိ) အမျိုးသမီးတစ်ယောက်နဲ့ အတူအိပ်ပြီးရင် အမျိုးသမီးဘက်က တောင်းဆိုခဲ့ရင် အမျိုးသားဘက်က တရားဝင်လက်ထပ်ရပါတယ်။ ဒါပေမဲ့ စကော့တလန်ထိမ်းမြားမှုအက်ဥပဒေက အဲဒါကို ပယ်ဖျက်ပေးခဲ့ပါတယ်။

၅။ ကန်းဆတ်

ကန်းဆတ်ပြည်နယ်မှာတော့ ခင်ပွန်းဖြစ်သူက ဇနီးရဲ့မိခင်နဲ့အဆင်မပြေရင် အမျိုးသမီးဘက်က ကွာရှင်းခွင့်တောင်းဆိုနိုင်ပါတယ်။

၆။ ကူဝိတ်

ကူဝိတ်မှာတော့ အမျိုးသားတစ်ဦးဟာ တခြားအမျိုးသမီးတစ်ဦးကို မရိုးသားတဲ့အကြည့်နဲ့ကြည့်ရင် ရှေးဟောင်းဥပဒေအရ ထောင်ကျနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလောက်တင်မဟုတ်ဘဲ သတ္တ၀ါအမတွေကိုလည်း မရိုးသားတဲ့အကြည့်နဲ့ ကြည့်ခွင့်မရှိဘူးလို့ တားမြစ်ထားပါတယ်။

၇။ ကော်လိုရာဒို

အမေရိကန်နိုင်ငံ ကော်လိုရာဒိုနဲ့ ဟတ်ဖို့ဒ်တို့မှာ အမျိုးသားတစ်ယောက်ဟာ တနင်္ဂနွေနေ့မှာ ဇနီးဖြစ်သူကို စိတ်ဆိုးငြူစူရင် ထောင်ကျနိုင်တဲ့ ဥပဒေဟောင်းတစ်ရပ်ရှိပါတယ်။

၈။ တောင်ကယ်ရိုလိုင်းနား

တောင်ကယ်ရိုလိုင်းနားက အမျိုးသားတွေဟာ အိမ်ထောင်မရှိတဲ့အမျိုးသမီးတစ်ဦးကို ကာမရယူရုံအတွက် လက်ထပ်ခွင့်တောင်းရင် ဥပဒေအရ အရေးယူခံရနိုင်ပါတယ်။ ကာမလိမ်လည်ရယူမှုဟာ တောင်ကယ်ရိုလိုင်းနားရဲ့ အကျင့်စာရိတ္တနှင့် သင့်တင့်လျောက်ပတ်သောအမူအကျင့် ပျက်စီးစေမှု ဥပဒေနဲ့ ငြိစွန်းပါတယ်။

၉။ သြစတြေးလျ မူလတိုင်းရင်းသားဥပဒေ

သြစတြေးလျ မူလတိုင်းရင်းသားဥပဒေ ထုံးတမ်းအရ မူလတိုင်းရင်းသားအမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းချင်ရင် တောင်းဆိုနိုင်ပြီး ဒါမှမဟုတ် လက်ရှိအိမ်ထောင်ကို အဆုံးသတ်ဖို့အတွက် တခြားအမျိုးသားတစ်ဦးနဲ့ ချက်ချင်းလက်ထပ်လိုက်လို့ရပါတယ်။

၁၀။ ယူတား

ယူတားပြည်နယ်ရဲ့ ခေတ်မမီတော့တဲ့ဥပဒေတွေထဲမှာ ပါဝင်တာကတော့ ယူတားပြည်နယ်နေ အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူရဲ့လုပ်ရပ်အားလုံးအတွက် တာဝန်ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါပေမဲ့ အဲဒီဥပဒေဟာ အမျိုးသမီးဖြစ်သူက ဥပဒေမဲ့လုပ်ရပ်တွေလုပ်တဲ့အချိန်မှာ အမျိုးသားက အတူရှိနေမှ သက်ရောက်မှာဖြစ်ပါတယ်။

၁၁။ ဒယ်လ်လာဝဲယား

ဒယ်လ်လာဝဲယားပြည်နယ်ဥပဒေအရ အိမ်ထောင်ရှင် တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးက အိမ်ထောင်ရေးကို ပျော်စရာအဖြစ် ဒါမှမဟုတ် စိန်ခေါ်မှုအဖြစ် ထူထောင်ခဲ့တယ်ဆိုရင် ကွာရှင်းပိုင်ခွင့်ရှိပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)
Previous
Next Post »
Powered by Blogger.