ထိုင်းတော်ဝင်မိသားစုအပေါ် ထိခိုက်စော်ကားမှုကို ဆက်လက်ခြေရာခံ ဖော်ထုတ်နေပြီး လက်ရှိအချိန်အထိ လူ ၃ ဦး အရေးယူခံထားရသလို ရဲအရာရှိ ၈ ဦးကိုလည်း ရာထူးလျှော့ချခဲ့ပြီး ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၈ ရက်နေ့က ကြေညာပါတယ်။
ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ ထိုင်းရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇိမ်ခံကားတွေ၊ လက်နက်တွေ အပါအ၀င် ဖမ်းဆီးရမိတဲ့ ပစ္စည်းအများအပြား သတင်းထောက်တွေကို ခင်းကျင်းပြသခဲ့ပါတယ်။
ထိုင်းတော်ဝင်မိသားစုနဲ့ နီးစပ်တယ်လို့ လိမ်လည်ပြီး တရားမ၀င် စီးပွားရေးတွေကနေ အလွန်အကျွံ အမြတ်အစွန်းရခဲ့တဲ့ အမှုတွေလည်း ဖော်ထုတ်ရမိတယ်၊ ကွင်းဆက်ရှိသမျှ စုံစမ်းဖော်ထုတ်မှာဖြစ်ပြီး နောက်ထပ်ဖမ်းဆီးမှုတွေ ရှိဦးမယ်လို့ ထိုင်းရဲတပ်ဖွဲ့ ဗဟိုထောက်လှမ်းရေး ရဲမင်းကြီးက သတင်းထောက်တွေကို ပြောပါတယ်။
ကမ္ဘာ့တော်ဝင်မိသားစုတွေကို အသရေဖျက်မှု၊ ထိခိုက်စော်ကားမှုတွေမှာ ထိုင်းနိုင်ငံဟာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့တပတ်က ထိုင်းတော်ဝင်မိသားစုကို ထိခိုက်စော်ကားမှုနဲ့ ရုံးတင်ခံရသူ ၃ ဦးအနက် ၁ ဦးဖြစ်တဲ့ ထိုင်းရဲအရာရှိတဦးဟာ အောက်တိုဘာ ၂၃ ရက်နေ့က အကျဉ်းထောင်ထဲမှာ မိမိကိုယ်ကို အဆုံးစီရင်သွားပါတယ်။
ကျန် ၂ ဦးမှာ ၁ ဦးက နာမည်ကျော် ဗေဒင်ဆရာတဦးဖြစ်ပြီး တဦးကတော့ သူ့ရဲ့အတွင်းရေးမှူးဖြစ်တယ်လို့ ဆိုပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon