အားလုံးမျှော်လင့် စောင့်စားနေတဲ့ ‘Dislike’ button ကို Facebook မှာ မကြာမီ သုံးနိုင်တော့မည်


Facebook အသုံးပြုသူတွေဟာ မကြာမီမှာ တခြား user တွေရဲ့ ပို့ စ်တွေ၊ဓာတ်ပုံတွေကို ‘dislike’ လုပ်နိုင်တော့မှာဖြစ်ကြောင်း Facebook တည်ထောင်သူ Mark Zuckerberg က တရားဝင်ကြေငြာ လိုက်ပါတယ်။

အသုံးပြုသူတွေရဲ့တောင်းဆိုမှုကြောင့် Facebook ဟာ dislike ခလုတ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း Zuckerberg က ပြောကြားခဲ့ပါတယ်။ User တွေဟ ‘Like’ လုပ်ရတာထက် တခြား ခံစားချက်ဖီလင်တွေကိုလည်း ထုတ်ဖော်ပြချင်ကြတယ်လို့ သူက ဆိုပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေရဲ့ မိသားစုဝင်တစ်ဦးဦးသေဆုံးသွားပြီဆိုတာ တင်တဲ့ပို့ စ်တွေမျိုးမှာ user တွေအနေနဲ့ dislike လုပ်နိုင်မှာဖြစ်ကြောင်း ဥပမာပေးပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Facebook အသုံးပြုသူ user တွေ အနေနဲ့  ‘dislike’ ကို တခြားလူတွေအတွက် အပျက်သဘော အနုတ်လက္ခဏာဆောင်တဲ့အနေနဲ့ တော့ အသုံးပြုကြမှာမဟုတ်ဘူးလို့ သူယုံကြည်ကြောင်း Mark Zuckerberg က Facebook ရုံးချုပ်မှာပြုလုပ်တဲ့ အင်္ဂါနေ့ အမေးအဖြေ ကဏ္ဍမှာ ပြောကြားခဲ့ပါတယ်။

‘Dislike’ ခလုတ်ကို ဘယ်တော့အသုံးပြုနိုင်မလဲဆိုတာကိုတော့ အချိန်အတိအကျမပြောကြားခဲ့ဘဲ မကြာခင်မှာအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

trend myanmar
Previous
Next Post »
Powered by Blogger.