အကြွေး ပြန်မဆပ်သူတွေ ကိုယ့်ဖေ့စ်ဘွတ်ခ်ထဲမှာ များနေရင် ငွေချေးခွင့် ဆုံးရှုံးမည်


စာဖတ်သူ ချမ်းသာချင် ချမ်းသာလိမ့်မည်။ သို့သော် စာဖတ်သူ ဖေ့စ်ဘွတ်ခ်ထဲက မိတ်ဆွေတွေထဲမှာ သူများဆီက ငွေချေးပြီး ပြန်မဆပ်ဘဲ ရူးချင်ယောင်ဆောင် နေသူတွေ ပါနေလျှင်တော့ စာဖတ်သူပါ ဘဏ်ကနေ ငွေချေးပြီး အလုပ်လုပ်ဖို့ ခက်သွားလိမ့်မည်။

အကြောင်းမူကား ငွေချေးသူ၏ ဖေ့စ်ဘွတ်ခ် ရာဇ၀င်နှင့် ထိုသူ၏ မိတ်ဆွေများ ငွေကြေးသုံးစွဲမှု ရာဇ၀င်ကို စစ်ဆေးနိုင်သော ၀န်ဆောင်မှုမျိုးကို ဖေ့စ်ဘွတ်ခ်က ဘဏ်ကြီးများအတွက် လုပ်ကိုင်ပေးတော့မည် ဖြစ်သောကြောင့်တည်း။ ဘဏ်မှာ မိမိငွေသွားချေးသည့်အခါ ဘဏ်သည် မိမိ၏ ဖေ့စ်ဘွတ်ခ်အကောင့်ထဲတွင် ပါဝင်သော မိတ်ဆွေများ၏ ငွေကြေးရာဇ၀င်ကို လိုက်လံ စစ်ဆေးမည် ဖြစ်သည်။ ထိုသူများသည် ဘဏ်များကနေ ငွေချေးပြီးလျှင် မှန်မှန်ကန်ကန် ပြန်ဆပ်လေ့ရှိလား မရှိလားကို ဘဏ်မှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးမည် ဖြစ်သည်။ အကယ်၍ မိမိ ဖေ့စ်ဘွတ်ခ်ထဲမှ မိတ်ဆွေတွေထဲတွင် ငွေချေးပြီး ပြန်ဆပ်ဖို့ နားမလည်သူတွေ များနေလျှင်၊ ငွေပြန်ဆပ်ဖို့ ဘဏ်များက အကြိမ်ကြိမ် သတိပေးရသည့် လူမျိုးတွေ များနေလျှင် စာဖတ်သူသည်လည်း ဒီပုတ်ထဲကဒီပဲသာ ဖြစ်နိုင်သည်ဟု ဘဏ်ကဆုံးဖြတ်ကာ စာဖတ်သူ၏ ငွေချေးခွင့် တောင်းခံလွှာကို ပယ်ချလိမ့်မည်။

ဖေ့စ်ဘွတ်ခ်သည် ထိုစနစ်အတွက် မူပိုင်ခွင့်ကို ၂၀၁၀ ခုနှစ်က ဂိမ်းလုပ်ငန်း Friendster ထံမှ ဒေါ်လာ (၃၉) သန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။

messenger news journal
Previous
Next Post »
Powered by Blogger.