ကယားပြည်နယ်တွင် ဒေါ်အောင်ဆန်းစုကြည်မဲဆွယ်ပွဲသို့ လာရောက်နားထောင်နေကြသော ဒေသခံများ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) |
ကယားပြည်နယ်တွင် မဲဆန္ဒရှင်ပြည်သူဦးရေသည် အခြားသော ပြည်နယ်များထက် နည်းပါးနေခြင်းက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရန် အခွင့်အလမ်း ပိုသာနေသောကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ရာကျော်တို့သည် သူ့ထက်ငါ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရေး ပြင်ဆင်နေကြသည်။
ကယားပြည်နယ်တွင် မဲဆန္ဒနယ် ၃၄ နေရာသာ ရှိသော်လည်း နိုင်ငံရေးပါတီ ၁၁ ခုမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ် စားလှယ်လောင်းများအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၂၅ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။ မဲပေးနိုင်သည့် ဦး ရေသည် တစ်ပြည်နယ်လုံးတွင် တစ်သိန်းခုနစ်သောင်းကျော်သာ ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ စာရင်းများအရ သိရသည်။
‘‘ဒီပြည်နယ်က လူဦးရေနည်းတယ်။ မဲဆန္ဒနယ်တော်တော်များ များက လေးထောင်ကျော် ငါး ထောင်လောက်ပဲ မဲပေးနိုင်တဲ့သူရှိ တော့ စည်းရုံးရေးကောင်းတဲ့သူက နိုင်ခြေများတယ်လေ။ အဲဒီတော့ စုပြုံပြီး လာပြိုင်ကြတယ်’’ဟု က ယားပြည်နယ် အခြေစိုက် ကယား လူမျိုးစု ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးစောဒယ်နီရယ်က ပြောသည်။
သမ္မတဦးသိန်းစိန်အားကိုးရသော သမ္မတရုံး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးစိုးသိမ်းနှင့် ဦးအောင်မင်းတို့က တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ကယားပြည်နယ်မှ ၀င် ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ထို့ပြင် ကယားပြည်နယ်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေ သော ပြည်နယ်ဝန်ကြီးချုပ်အပါ အ၀င် ပြည်နယ်ဝန်ကြီး ခြောက်ဦး တို့သည် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ နုတ်ထွက် ကာ တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းများအဖြစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၏ ပြိုင်ဆိုင်မှုပြင်းထန်သည့် ကယားပြည်နယ်ရှိ မဲဆန္ဒနယ်များ တွင် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် မဲဆွယ်စည်းရုံးမှုများကို လည်း ခပ်စိပ်စိပ်တွေ့နေရပြီဖြစ် ကြောင်း ဒေသခံများက ပြော သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ၏ ပထမဦးဆုံးမဲဆွယ် စည်းရုံးမှုခရီးစဉ်အဖြစ် ကယား ပြည်နယ်ကို ရွေးချယ်သွားရောက် ခဲ့ကာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၀င်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒ နယ်များတွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးခဲ့သည်။
‘‘ဒီပြည်နယ်မှာ ကိုယ်စားလှယ်အရေအတွက် များတဲ့အ တွက် ဗဟိုအစိုးရဖွဲ့နိုင်ဖို့ အရေး ကြီးပါတယ်။ ဗဟိုအစိုးရကို ထူ ထောင်မယ့် ပါတီဟာ ပြည်ထောင် စုလွှတ်တော်အတွင်းမှာ ကိုယ်စား လှယ်အများစုရတဲ့ ပါတီဖြစ်ပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် က ကယားပြည်နယ်ရှိ မဲဆန္ဒနယ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အာရုံစိုက်ရသည့် အကြောင်း ရင်းကို မဲဆွယ်ရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နည်းတူ ပြည်ခိုင်ဖြိုးပါတီက လည်း ပြည်နယ်အတွင်းရှိ မဲဆန္ဒ နယ်အားလုံးသို့ ၀င်ရောက်ယှဉ် ပြိုင်ကာ ပြည်နယ်အစိုးရကို ပါတီ မှ ဦးဆောင်နိုင်ရေးအတွက် အ ပြင်းအထန် အားထုတ်နေကြောင်း ပါတီ၏ ပြည်နယ်စည်းရုံးရေးကော် မတီ ဦးလှမျိုးဆွေက ပြောသည်။
ကယားပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည် ခိုင်ဖြိုးပါတီတို့သည် လွှတ်တော် ကိုယ်စားလှယ်ဦးရေ အများဆုံး ၀င်ရောက်ယှဉ်ပြိုင်သော ပါတီ များဖြစ်ကာ မဲဆန္ဒနယ် ၃၄ နေရာစလုံးကို ၀င်ပြိုင်သည်။
‘‘ကျွန်တော်တို့ပါတီရဲ့ ထိုးဖောက်မှုဟာ အင်အားတစ်ခုထိ ရှိနေပြီး ရလဒ်တွေလည်းကောင်း နေပါပြီ။ အောင်မြင်မှုက အတိုင်းအတာတစ်ခုထိရမယ်လို့ မျှော်မှန်း ထားပါတယ်’’ ဟု ပြည်ခိုင်ဖြိုးပါတီ ၏ အောင်နိုင်ရေးအခြေအနေကို ဦးလှမျိုးဆွေက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီသည် ၎င်း တို့ပါတီမှ ၀င်မပြိုင်ဘဲ တစ်သီးပုဂ္ဂ လ အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် သမ္မတရုံးပြည်ထောင်စုဝန်ကြီးနှစ်ဦးအပါအ၀င် ပါတီမှနုတ်ထွက် သွားသော ပြည်နယ်အစိုးရအဖွဲ့ ၀င် ၀န်ကြီးခြောက်ဦးတို့၏ တစ် သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲတွင် ပါဝင်လာ၍ ပိုမိုအကြိတ်အနယ် ရှိလာနိုင် သည်။
‘‘သူတို့ကိုလည်း အလျှော့မ ပေးပါဘူး။ သူပြိုင် ကိုယ်ပြိုင်ပါပဲ။ ရွေးကောက်ပွဲမှာတော့ ကိုယ့်ပါတီ ကိုယ်စားလှယ်လောင်းပဲနိုင်ဖို့ကို အာရုံစိုက်ပါတယ်’’ဟု ဦးလှမျိုး ဆွေက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီကို ကိုယ် စားပြုမပြိုင်ဘဲ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ကြ သည့် သမ္မတရုံးပြည်ထောင်စုဝန် ကြီး ဦးစိုးသိမ်းနှင့် ဦးအောင်မင်း တို့သည် ဒေသခံပြည်သူများကို ထောက်ပံ့မှုများပြုလုပ်နေကြပြီဟု ကယားပြည်နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ များက ပြောသည်။
ဘော်လခဲမြို့နယ်ရှိ ရွာအချို့ ကို ၀န်ကြီးဦးစိုးသိမ်းမှ လှူဒါန်း သည်ဟု စာတန်းပါသောမီးသီးနှင့် ဆိုလာမီးအိမ်များကို လာရောက် ပေးအပ်ခဲ့သည်။ ရှားတောမြို့နယ်တွင်လည်း ၀န်ကြီးဦးအောင်မင်း၏ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အ ဖြစ် ၀င်ပြိုင်ရာတွင် အသုံးပြုသော တံဆိပ်အမှတ်အသားပါသည့် အ ခမဲ့ဆေးခန်းတစ်ခုကို ပြီးခဲ့သည့် လပိုင်းအတွင်းက ဖွင့်လာကြောင်း ဒေသခံများက ပြောသည်။
‘‘အစကတော့ သူ့ကိုမတွေ့ ဖူးဘူး။ ဘာပဲဖြစ်ဖြစ် ၀န်ကြီးဆို တော့ ပြည်သူလူထုကို ထောက်ပံ့ သင့်တာပဲထင်လို့ မီးအိမ်ကိုတော့ ယူလိုက်တယ်။ မဲတော့ ဘယ်သူ့ ပေးမယ်ဆိုတာ ပြောပြလို့မရသေး ဘူး’’ဟု ဘော်လခဲမြို့နယ်အတွင်း ရှိ မိုင်ထမ်းရွာမှ ဦးရန်လင်းက ပြောသည်။
ဝန်ကြီးဦးစိုးသိမ်းသည် ကယားပြည်နယ် ဘော်လခဲမြို့ နယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င် ရောက်ယှဉ်ပြိုင်ပြီး ၀န်ကြီးဦးအောင် မင်းသည်လည်း ရှားတောမြို့နယ် တွင် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်အဖြစ်နှင့်ပင် ရွေးကောက် ပွဲဝင်ပြိုင်ခြင်းဖြစ်သည်။
ဘော်လခဲမြို့နယ်တွင် အမျိုး သားလွှတ်တော်မဲဆန္ဒနယ်နှစ်ခုရှိ ကာ မဲပေးနိုင်သူဦးရေ ခြောက် ထောင်ကျော်ရှိသည်။ ရှားတော မြို့နယ်၌ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်ခုသာရှိပြီး မဲပေးနိုင် သူဦးရေ သုံးထောင်ကျော်သာရှိနေသည်။
‘‘သူတို့နှစ်ယောက် ၀င်ပြိုင် တဲ့နေရာတွေက နိုင်ဖို့များတယ်လို့ ပြောလို့ရတယ်။ လွိုင်ကော်ဆိုမဲ ပေးတဲ့သူက သောင်းဂဏန်းရှိ တော့ မလွယ်ဘူးလေ။ မဲပေးတဲ့သူနည်းရင်၊ စည်းရုံးမှုလည်း ကောင်းရင်နိုင်ဖို့များတယ်’’ဟု ကယားလူမျိုးစု ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးစောဒယ်နီရယ်က ပြောသည်။
ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် အပြိုင်အဆိုင်မဲဆွယ်ရာ တွင် ရွေးကောက်ပွဲဆိုင်ရာပြဋ္ဌာန်း ချက်များကို ဖောက်ဖျက်ခြင်းရှိ၊ မရှိ စောင့်ကြည့်လျက်ရှိနေပြီး၊ မသမာမှုများတွေ့လျှင် ရွေး ကောက်ပွဲကော်မရှင်သို့ တင်ပြ မည်ဟု ကယားပြည်နယ်ရှိ မဲဆန္ဒ နယ်များကို ၀င်ရောက်ယှဉ်ပြိုင် မည့် နိုင်ငံရေးပါတီအချို့မှတာဝန် ရှိသူများက ပြောသည်။
ပြည်နယ်အတွင်း အင်အား တောင့်တင်းသော ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် မဲဆွယ်စည်းရုံးရာ တွင် လိုက်နာရမည့် အချက်များကို လေ့လာထားပြီး ပါတီဝင်များ လည်း လိုက်နာမည်ဖြစ်ကာ ယင်း အချက်များကို ချိုးဖောက်သည့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် သော မည်သူ့ကိုမဆို ဥပဒေအရ ရွေးကောက်ပွဲကော်မရှင်သို့ တင် ပြမည်ဟု ပါတီ၏ကယားပြည်နယ် စည်းရုံးရေး ကော်မတီဝင်ဦးလှမျိုး ဆွေက ဆိုသည်။
ပြည်နယ်အတွင်းကိုယ်စား လှယ်လောင်းများ အပြိုင်အဆိုင် ယှဉ်ပြိုင်ကြရန် ရှိသော်လည်း လက်ရှိအချိန်အထိ မဲဆွယ်စည်း ရုံးမှုများအပေါ် မကျေနပ်သည့် တိုင်တန်းချက်တစ်စောင်ကိုမှ မရရှိသေးကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဝင်းက ပြောသည်။
နိုင်ငံရေးပါတီများနှင့် တစ် သီးပုဂ္ဂလကိုယ်စားလှယ်များသည် ကယားပြည်နယ်အတွင်း အပြိုင် အဆိုင်အနိုင်ရရေးအတွက် အစွမ်းကုန် အားထုတ်နေကြသော်လည်း တစ်ဖက်တွင် ပြည်နယ်အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံများအနေဖြင့် ၎င်းတို့ကို စားဝတ်နေရေးအဆင်ပြေအောင်လုပ်ပေးနိုင်မည့် သူကိုသာ မျှော်လင့်နေကြသည်။
‘‘ကျွန်မတို့ စားဖို့သောက်ဖို့ အလုပ်လုပ်တဲ့နေရာမှာ အဆင် ပြေအောင်လုပ်ပေးမယ့် သူမျိုးကို မဲထည့်ချင်တယ်။ မဲဆွယ်တုန်း ပြောထားတဲ့အတိုင်း တကယ်လုပ် ပေးမယ့်သူပဲ လိုချင်တယ်’’ဟု ရှားတောမြို့နယ် ဒေါလဲဒူကျေးရွာနေ ဒေါ်ဖရဲမယ်က ပြောသည်။
7daydaily
Sign up here with your email
ConversionConversion EmoticonEmoticon