သင့်ရဲ့ တစ်နေ့တာကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ နည်း (၅) သွယ်


ပျော်ရွှင်မှုဆိုတာ သင်ရောက်ရှိအောင် သွားရမယ့်နေရာမဟုတ်ပါဘူး။ သင့်စိတ်ထဲ ထွေးပွေ့ရမယ့်အရာလေးပါ။ တစ်နေ့တာ ပျော်ရွှင်အေးချမ်းမှုတွေ ပိုင်ဆိုင်ဖို့အတွက် သင်ကိုယ်တိုင်ကလည်း ဒါကိုလိုလိုလားလား ဖြစ်နေဖို့ လိုပါလိမ့်မယ်။ မကောင်းမြင်စိတ်တွေ လျှော့ပြီး ပျော်ရွှင်မှုကို ထွေးပွေ့နိုင်ဖို့ သင်လုပ်ဆောင်ရမယ့်အရာတွေက

၁။ဘာမဟုတ်တာလေးတွေကအစ သင်လုပ်နိုင်တာနဲ့ သင့်ကိုယ်သင် ချီးကျူးနေထိုင်ပါ။

နေ့စဉ်နဲ့အမျှ သင်လုပ်ဆောင်နေရတဲ့ အရာပေါင်းများစွာ ရှိပါတယ်။ အဲ့ဒီအထဲက ကိစ္စရပ်တစ်ခုခုပြီးသွားတိုင်း သင်ဟာ ငါဒါကို လုပ်နိုင်သွားပြီဆိုပြီး ကိုယ့်ကိုကိုယ် ချီးကျူးပါ။ နောက်ထပ် တစ်နေ့တာ ဆောင်ရွက်စရာတွေ ကိုလည်း အဆင်ပြေပြေဆောင်ရွက်နိုင်အောင် စိတ်ကိုပေါ့ပေါ့ပါးပါးထားပါ။

၂။စိန်ခေါ်မှုတွေကို လက်ခံလိုက်ပါ။

သင့်ဘ၀တစ်လျှောက် စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ဖူးမှာပါ။ ဒါတွေက သင့်ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေပါတယ်။ အာရုံစူးစိုက်မှုကိုလည်း တိုးစေပါတယ်။ စိန်ခေါ်မှုတွေကို အနိုင်ရသွားပြီဆိုတာနဲ့ သင်ရရှိတဲ့ ပျော်ရွှင်မှု က အဆမတန်ပါပဲ။ သင်လုပ်နိုင်တယ်ဆိုတာကို အမြဲစိတ်ထဲ ထည့်ထားပါ။

၃။သင်နေထိုင်နေတဲ့ ဘ၀ဟာ သာယာလှပတယ်ဆိုတာ အမြဲသတိရပါ။

တစ်ခါတစ်လေ ကိုယ်စိတ်ပျက် စိတ်အားငယ်နေရတဲ့ အရာတွေထက် ပိုဆိုးဝါးတဲ့ အခြေအနေတွေ ရှိပါတယ်။ သင်ငြီးတွားနေတဲ့ အရာဟာ ဘာမှမဟုတ်သေးပါဘူး။ သင် ပိုင်ဆိုင်ထားတဲ့ ကောင်းမွန်ပြည့်စုံတဲ့ ဘ၀အကြောင်းတွေးပါ။ သင့်အပေါ်ကောင်းတဲ့ သင့်မိသားစု၊ သင့်ချစ်သူ၊ သင့်သူငယ်ချင်းတွေအကြောင်း တွေးပါ။

၎။မျှော်လင့်ထားတာတွေ ဖြစ်လာတဲ့အခါ စိတ်ပျက်တာမျိုးဟာ ခဏသာ ဖြစ်ပါစေ။

သင် မျှော်လင့်ချက်အတိုင်း မဖြစ်ခဲ့တာတွေ၊ သင်ရည်ရွယ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့တာတွေအတွက် စိတ်ပျက် စိတ်ဓာတ်ကျတာဟာ တစ်လ၊ နှစ်လ မဖြစ်သင့်ပါဘူး။ အများဆုံး တစ်ပတ်လောက်ထိသာ အချိန်ယူပါ။ နောက်တစ်ခါ စိတ်ပြန်ထည့်ပြီး လောကဓံကို ရင်ဆိုင်ပါ။

၅။သင့်နားက လူတွေကိုလည်း ပျော်ပျော်နေတတ်အောင် သင်လမ်းပြပါ။

စိတ်ဓာတ်ကျ၊ စိတ်ပျက်နေတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ရှိတယ်ဆို၇င် တစ်နေ့တာကို ပျော်ရွှင်စွာ ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သူတို့ကို ပြောပြပါ။ သူတို့ စိတ်တွေပြန်လည်တည်ငြိမ်လာအောင်လည်း သင်ကူညီနိုင် သလောက် ကူညီပေးပါ။

Trend Myammar
Previous
Next Post »
Powered by Blogger.