“ဆန္ဒမစောပါနဲ့”

မကြာမှီ ရန်ကုန်လေဆိပ်ကို လေယာဉ်ဆင်းတော့မယ်။
အင်တာကွန်းကနေပြီး လေယာဉ်မှူးက နုတ်ဆက်စကားပြောတယ်…

“ခရီးသည်အားလုံး မင်္ဂလာပါ၊ ကျနော် ကပ္ပတိန်ဇော်နူပါ၊ မကြာမှီ မင်္ဂလာဒုံကွင်းကို ဆင်းသက်တော့မှာ ဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ပုဇဉ်းရင်ကွဲ လေကြောင်းလိုင်းကို အားပေးစီးနင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ပြသနာက နုတ်ဆက်စကားပြောပြီးပေမယ့် မိုက်ကရိုဖုန်းခလုပ်ကို ပြန်မပိတ်မိဘူး။
ဒီတော့ လေယာဉ်မောင်းခန်းက ပြောသမျှ ခရီးသည်အားလုံး ကြားနေရတယ်။

လေယာဉ်မှူးက တွဲဖက်လေယာဉ်မှူးကို မေးနေတာ… …

“ဟကောင်ကြီး ရန်ကုန်မှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲကွ”

“လောလောဆယ် ဗိုက်အရမ်းနာနေတော့ ဟိုတယ်ကိုပြေးပြီး အိမ်သာတက်မယ် ဆရာ၊ ပြီးမှ ရေမိုးချိုးမယ်”
“ပြီးတော့ရော”

“ပြီးတော့… ခု ပါလာတဲ့ ဟို လုံးကြီးပေါက်လှလေယာဉ်မယ်ကို အခန်းလာဖို့ ချိန်းထားတယ် ဆရာ၊ အဲဒါ သူရောက်လာတာနဲ့ တညလုံး ဝုန်းမယ် ဆရာရေ့”
“ကောင်းကွာ…”

ခရီးသည်တွေက ပြုံးစိစိနဲ့ လေယာဉ်မယ်ကို ဝိုင်းကြည့်ကြတယ်။
ဒါနဲ့ လေယာဉ်မယ်လည်း မဖြစ်ချေဘူး မိုက်ခရိုဖုန်းပိတ်ဖို့ သွားပြောမှ ဆိုပြီး ခေါင်းခန်းဆီပြေးသွားတယ်…

ဖြစ်ချင်တော့ လျှောက်လမ်းမှာ မှောက်လျှက်လဲပါလေရော။

ဘေးခုံမှာ ထိုင်နေတဲ့ အဖွားကြီးတစ်ယောက်က သူ့ကိုဆွဲထူပေးရင်း ပြောတယ်… …

“ဖြေးဖြေးသွား သမီး၊ အချိန်ရပါသေးတယ်၊ သူအိမ်သာတက်ပြီး ရေချိုးအုံးမှာပါ”… တဲ့

သန်၎ကို – ရမ်းဘာသာပြန်သည်။
Previous
Next Post »
Powered by Blogger.