အမေရိကန် ပြည်ထောင်စု ၊ Louisiana ပြည်နယ် အထက်တန်းကျောင်းက ကျောင်းဆရာမ တစ်ယောက်ဟာ ကျောင်းသူ ၂ ယောက်ကို ဆေးခြောက်နဲ့ ရောပြီး ဖုတ်ထားတဲ့ brownies ကိတ်မုန့်တွေ ကျွေးလိုက်တဲ့အတွက် အလုပ် ထုတ်ခံလိုက်ရပါတယ်။
The Times0Picauyune ဆိုတဲ့ သတင်းဌာနက ဖော်ပြခဲ့တာကတော့ Archbishop Hannan အထက်တန်းကျောင်းမှာရှိတဲ့ အသက် ၂၉ နှစ်အရွယ် အင်္ဂလိပ်စာ ဆရာမ Camille Brennan ဟာ မေလ ၁ ရက်နေ့က အသက်မပြည့်သေးတဲ့ ကျောင်းသူ ၂ ယောက်ကို ဆေးခြောက်နဲ့ဖုတ်ထားတဲ့ Brownies ကိတ်မုန့်တွေ ကျွေးခဲ့တာပဲ ဖြစ်ပါတယ်။
ထို ကျောင်းသူ ၂ ယောက်ထဲက ၁ ယောက်ရဲ့ မိဘတွေဟာ ထို ကိစ္စကို သိရှိသွားပြီး ကျောင်းတာဝန်ရှိသူတွေကို ချက်ချင်း တိုင်ကြားခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ကျောင်းအုပ်ကြီး Charles Latour က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ထိုဆရာမကို ဖမ်းခိုင်းခဲ့တာပဲဖြစ်ပါတယ်။ Brennan ကတော့ အဲ့ဒီကိတ်မုန့်တွေကို သူကိုယ်တိုင် ပြုလုပ်ခဲ့တယ်လို့ ၀န်ခံထားပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး မကြာခင်မှာပဲ သူမရဲ့ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။
Brennan ဟာ ပြစ်မှု ၂ ခု နဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။
တစ်ခုကတော့ ဆေးခြောက် သုံးစွဲ ဖြန့်ချိမှု ဖြစ်ပြီး နောက်တစ်ခုက အရွယ်မရောက်သေးသူ ကလေးငယ်တွေကို သွေးဆောင်ဖြားယောင်း ဖျက်ဆီးမှု တို့ဖြစ်ပါတယ်။
ကျောင်းအုပ်ကြီးကတော့ ကလေးတွေရဲ့ မိဘတွေကို တောင်းပန်စာနဲ့ ကလေးတွေရဲ့ လုံခြုံရေးက ကျောင်းရဲ့တာဝန်ပဲ ဖြစ်တယ်လို့ အီးမေးလ် ပေးပို့ခဲ့ပါသေးတယ်။
Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon