မိနစ် ၂၀ ကျော်ကြာ အိမ်နဲ့ လုပ်ငန်းခွင် ကား၊ ရထားစီးသွားခြင်းဖြင့် စိတ်ဖိစီးမှုဖြစ်ကာ ကိုယ်၊စိတ်အား ချုံးချုံးကျသွားစေနိုင်


မိနစ် ၂၀ နဲ့အထက် အိမ်နဲ့ အလုပ်ခွင်ကို ကား၊ ရထားစီးသွားတာဟာ ကိုယ်၊ စိတ်နွမ်းနယ်မှုဖြစ်စေကြောင်း Montreal တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

စိတ်ပင်ပန်း ကိုယ်ပင်ပန်းဖြစ်တာက ခံစားရသူကို အဆိုးမြင်စေ၊ နွမ်းနယ်စေပြီး စိတ်ကို ချုံးချုံးကျစေတဲ့ စိတ်ဖိစီးမှုရဲ့ အကျိုးဆက်ရလဒ်တစ်ခုဖြစ်ပါတယ်။ ကား၊ ရထားတွေကို ကြာကြာစီးရလေလေ ဒီလို ပိုအဖြစ်များလေလေပဲဖြစ်ပါတယ်။

လူ ၁၉၄၂ ယောက်ကို လေ့လာကြည့်ရာမှာ အိမ်နဲ့အလုပ်ခွင်ကို ကား၊ ရထားစီးသွားခြင်းက အလုပ်သမားတွေကို လုပ်ငန်းခွင်မရောက်ခင်မှာတောင် စိတ်ဖိစီးပင်ပန်းမှု ဖြစ်စေပါတယ်။

ယင်းသုတေသန ဦးစီးဆောင်ရွက်သူ Annie Barreck က အလုပ်ခွင်ကို ကား၊ ရထားဖြင့် သွားရလို့ စိတ်ဖိစီးမှုဖြစ်တာဟာ ကိုယ်ရော စိတ်ရော ချုံးချုံးကျသွားမှု နှစ်ခုကြား ဆက်နွယ်မှုရှိတာ တကယ် အဟုတ်ပါပဲလို့ ဆိုတယ်။

ဝန်ထမ်းတွေကို အိမ်နဲ့ လုပ်ငန်းခွင် သက်တောင့်သက်သာသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်းက ဝန်ထမ်းဆီမှ အကျိုးပိုရစေမှာဖြစ်ပါတယ်။ အလုပ်ရှင်တွေအနေနဲ့လည်း သူတို့ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ကျန်းမာရေးကို အဆင်ပြေအောင် စီမံဆောင်ရွက်ပေးခြင်းဖြင့် အကျိုးအမြတ်အားလုံးကို ရရှိစေမှာဖြစ်ပါတယ်။

Victor - Trend Myanmar
Previous
Next Post »
Powered by Blogger.