အမေရိကန်နိုင်ငံ တက်ဆက် ပြည်နယ်တွင် အဆိုးဆုံး ရေလွမ်းမိုးမှု ရင်ဆိုင်နေရပြီး လမ်းမကြီးများ တွင် ရေများတိုက်စားကာ ကားများရေစီးနှင့်မျောပါ သွားကြကြောင်း CNN သတင်းတွင် ဖေါ်ပြထားပါသည်။
ရေကြီးမှု ဖြစ်ပွားချိန် နှစ်နာရီအတွင် လူပေါ်င်း ၁၅၀မှာ အသက်ဘေးအန္တရယ်နှင့် ရင်ဆိုင်နေရ သဖြင့် ကယ်ဆယ်ရေးဌာနသို့  အကူညီတောင်းလာကြာင်း Houston's fire department မီးသတ်ဌာနမှပြောကြားခဲ့သည်။
"ဒီနိုင်ငံဟာ တကယ်ဘဲ ပြည်သူတွေ အမြင့်ဆုံး အသက် အန္တရယ်နဲ့  ရင်ဆိုင်နေရပါတယ်..ပြည်သူတွေအနေနဲ့  ခ၇ီးသွားလာကြမယ်ဆိုရင် အသက်ကယ် ပစ္စည်းတွေ လူတိုင်း ဆောင်ထားပါ "ဟု မိုးလေ၀သ အခြေအနေ လေ့လာစောင့်ကြည့်နေသည့် အရာရှိတဦးက သတိပေးခဲ့သည်။
ယခုရေကြီးမှူ့ တွင်အသက် ၁၈ နှစ်သာရှိသေးသည့် တက်ဆက်ပြည်နယ် အလှမယ် Alyssa Renee Ramirez အယ်လီဆာ မှာ တက္ကသိုလ်ကျောင်းမှ အပြန်လမ်းတွင် သူမကားမှာ ရေစီးအတွင် မျှောပါနစ်မြုပ်သွားသဖြင့် သေဆုံးခဲ့ရကြောင်းသိရပါသည်။
မိုးလေ၀သဌာထုတ်ပြန်ချက်အရ နောက်နှစ်ရက် ဆက်တိုက် မိုးရေချိန် ကြီးမားစွာ ရွာသွန်မည်ဟုဆို သည်။
CNN
Sign up here with your email
ConversionConversion EmoticonEmoticon