Google သည် developer များက ၎င်းတို့၏ app များကို Chrome browser အသုံးပြုသည့် မည်သည့် desktop ပေါ်တွင်မဆို အသုံးပြုနိုင်ရန်အတွက် App Runtime for Chrome (ARC) tool ကို ဖြန့်ချိခဲ့သည်။
ARC သည် Chrome OS ပေါ်တွင် Android app များကို အသုံးပြုနိုင်မည့် စီမံကိန်းတစ်ခု ဖြစ်ပြီး ယခင်က Google နှင့် ပူးပေါင်းဆောင်ရွက်သည့် developer အနည်းငယ်အတွက်သာ ဖြန့်ချိခဲ့သည်။ ယခုအခါတွင် Google က အဆိုပါ ARC tool ကို Windows, Mac, Linux နှင့် Chrome OS ပေါ်တွင် မည်သူမဆို အသုံးပြုနိုင်ရန် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။
ARC Welder ဟုခေါ်သည့် tool သစ်သည် Chrome app တစ်ခုဖြစ်ပြီး ၎င်းသည် click အနည်းငယ် နှိပ်ရုံဖြင့် Android app ၏ APK ဖိုင်ကို desktop ပေါ်တွင် အသုံးပြုစေနိုင်မည် ဖြစ်သည်။
သို့သော်လည်း ARC တွင် Play Services အားလုံး အသုံးပြုနိုင်ခြင်း မရှိသေးသလို အချို့ app များတွင် လည်း in-app purchase ကဲ့သို့ ဝန်ဆောင်မှုများ အသုံးပြုနိုင်ခြင်း မရှိပေ။ သို့ရာတွင် Google အနေဖြင့် မတူညီသည့် desktop platform များပေါ်တွင် ယခုထက်ပိုမိုသည့် app များ အသုံးပြုနိုင်ရေးအတွက် မကြာမီ စီစဉ်ဆောင်ရွက်သွားဖွယ်ရှိကြောင်း သိရသည်။
Internet Journal
Sign up here with your email
ConversionConversion EmoticonEmoticon