နေပြည်တော်တွင် ယနေ့ကျင်းပလျက်ရှိသော Software Show Case ပြပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ပြည်တွင်းမှ ထုတ်လုပ်သည့် နည်းပညာများကို ကြည့်ရှုလ့လာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် Software Show Case ပြပွဲသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့သည့်အပြင် ပြည် တွင်းမှ နည်းပညာရှင်များ ၊ ကွန်ပျူတာတက္ကသိုလ် အသီးသီးနှင့် နည်းပညာတက္ကသိုလ် အသီးသီးမှကျောင်း သား၊ ကျောင်းသူများနှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များမှ ကျောင်းသား ၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ က နိုင်ငံတော်တွင် သယံဇာတ ပေါကြွယ်ဝသ်ာလည်း သယံဇာတများကို ထုတ်ယူ အသုံးပြုရသည့် အတွက် အဆိုပါ သယံဇာတများသည် အချိန်တန်လျှင် ကုန်ဆုံးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်၏ အနာ ဂတ်အတွက် လူစွမ်းအားအရင်းအမြစ်နှင့် လူငယ်တို့၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။
Software Show Case ကို နေပြည်တော်၌ နှစ်ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး စွန့်ဦးတီထွင်လူငယ်များက ၎င်းတို့၏ နည်းပညာထုတ်ကုန်များကို နိုင်ငံတော်အဆင့် ထုတ်ဖော်ပြသခဲ့ကြသည်ဟု သိရသည်။ အဆို ပါပြပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ဦးစီးကျင်းပခဲ့သည်ဟု သိရသည်။
မြင့်ကျော်လှိုင် - Internet Journal
Sign up here with your email
ConversionConversion EmoticonEmoticon