ဒလမြို့နယ် ရဲချောင်းကြီး ကျေးရွာအုပ်စု ကွင်းအမှတ်(၂၁၅)တွင် ယမန်နေ့ မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ရကြောင်း ဒလမြို့နယ် ပျော်ဘွယ်ကြီးရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက် နံနက် ၁၁နာရီက ဒလမြို့နယ်ပျော်ဘွယ်ကြီး ရဲစခန်း၌ ဒုရဲအုပ် ကျော်ဌေး တာဝန် ထမ်းဆောင်နေစဉ် အဆိုပါကွင်းတွင် အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိကြောင်း သတင်းအရ ပျော် ဘွယ်ကြီးရဲစခန်းမှ တပ်ကြပ် လှထွန်း လိုက်ပါလျက် သက်သေများဖြစ် ကြသော ရဲချောင်းကြီးကျေးရွာ အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နှင့် မင်းစုကျေးရွာမှ ဦးထွန်းလင်း(ရာအိမ်မှူး)တို့နှင့်အတူ အမှုဖြစ်နေရာသို့ သွားရောက်စစ်ဆေး ခဲ့သည်။
သေဆုံးသူမှာ မျိုးဝင်း(ခ)ဘာရှား ( ၃၅ နှစ်) မ/၈၈ ဗန္ဓုလ(၁)လမ်း ၅-နံပါတ် အံ့ကြီးအနောက်ရပ်ကွက် ဒလမြို့နေသူဖြစ်ပြီး မိုးကြိုးပစ်ခံခဲ့ ရသည့် ဒဏ်ရာလက္ခဏာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ရပြီး အလောင်းအား ဒလပြည်သူ့ဆေးရုံ သို့ ပို့အပ်ခဲ့ရာ PR-14 ဖြင့် လက်ခံ စစ်ဆေးခဲ့သည်။
''ဧပြီ ၂၇ ရက်မွန်းလွဲ ၁ နာရီက မိုးသက်လေပြင်းမှာ မိုးခြိမ်းကာ မိုးကြိုးပစ်ခဲ့ကြောင်း၊ သေဆုံးသူမှာ ထိုနေ့ မနက် ၆ နာရီကတည်းက အိမ်မှထွက်သွားရာ ညဘက်ထိ ပြန် မလာ၍ မိသားစုက လိုက်လံရှာဖွေရာ ဒီနေ့မနက် ၁ဝ နာရီက အဲဒီကွင်းပြင် ထဲမှာ ထိုသို့သေဆုံးလျက် တွေ့ရှိရ ကြောင်း'' ဒုရဲအုပ်ကျော်ဌေးက ဆက်လက်ပြောပြသည်။
ထိုသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း ရုတ်တရက်သေဆုံး ခြင်း ဟုတ် မဟုတ် ပျော်ဘွယ်ကြီး ရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဌေး(ဒလ) - Myanmaalinn
Sign up here with your email
ConversionConversion EmoticonEmoticon