အင်တာနက်စွဲလန်းမှု ရောဂါဆိုတာ တရုတ်နိုငံက လူငယ်၊ လူလတ်ပိုင်းတွေကြားထဲမှာ အများဆုံး တွေ့ ရနိုင်ပါတယ်။ ဒီစွဲလန်းမှုကို အမြစ်ဖြတ်ကုသဖို့အတွက် IATC လို့ခေါ်တဲ့ စွဲလန်းမှုကုသရေးစင်တာက အင်တာနက်စွဲလန်းသူတွေကို လက်ခံကုသပေးနေတဲ့ နေရာတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။
၂၀၀၆ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ဒီသင်တန်းကျောင်းဟာ တရုတ်လူငယ်ပေါင်း ခြောက်ထောင်
လောက် ကို လက်ခံကုသပေးနေတဲ့ နေရာဖြစ်ပါတယ်။ အများစုကတော့ အမျိုးသားတွေ ဖြစ်နေတက်ပါ တယ်။ သင်တန်းကျောင်းကို လာရောက်ကြတဲ့ လူငယ်တွေအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကို အင်တာနက်စွဲ လန်းမှု မရှိတော့ လောက်အောင် ကုသပေးနိုင်ခဲ့တဲ့ မှတ်တမ်း ဒီသင်တန်းကျောင်းမှာ ရှိပါတယ်။ ဒီသင် တန်းကျောင်းရဲ့ လေ့ကျင့်ပေးမှုက စစ်သင်တန်း တစ်ခုနဲ့ တူနေပြီး မနက်အိပ်ယာထချိန်၊ ညအိပ်ယာဝင်ချိန်
တွေလည်း တိကျတဲ့ အချိန်သတ်မှတ်ချက်နဲ့ ထားရှိပြီး လူငယ်တွေရဲ့ စွဲလမ်းကိုကို ဖျောက်ဖျက်ပေးတာဖြစ် ပါတယ်။
အင်တာနက်စွဲလန်းမှု ဖြစ်နေတဲ့ဆိုပြီး သင်တန်းကျောင်းကို ရောက်လာကြတဲ့ လူငယ်တွေဟာ အများ အားဖြင့်တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကုသပေးဖို့လည်း လိုအပ်လေ့ရှိပါတယ်။ တရုတ်ပြည်မှာ အနည်းဆုံး ၂၄ သန်းလောက်ဒီရောဂါစွဲကပ်နေကြတယ်လို့ ဆိုပါတယ်။ အင်တာနက်နက်ဝေါ့ခ်နဲ့ ချိတ်ဆက်ပြီး ကစားရတဲ့ အွန်လိုင်းဂိမ်းတွေနဲ့ အခြားအင်တာနက် လမ်းကြောင်းတွေကို လူငယ်တွေသုံး စွဲမိရင်းက စွဲလန်းမိကာ နေ့မအိပ်၊ ညမအိပ် သုံးစွဲလာတက်ကြတာ ဖြစ်ပါတယ်။
တစ်နေ့ကို ၁၄ နာရီလောက်နီးပါး ကစားတက်ကြတဲ့အတွက် ပထမအဆင့်အနေနဲ့ မျက်လုံးထိခိုက်လာပြီး ဒုတိယအဆင့်အနေနဲ့ အစာမမှန်လို့ အစာအိမ်ရောဂါဖြစ်လာတက်ပါတယ်။ နောက်ဆုံးမှာတော့ ကွန်ပျူ တာရှေ့က မခွာနိုင်တဲ့ ရောဂါ ရလာတော့တာပါပဲ။
Planet Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon