မြန်မာ့ဆန်ဝယ်ယူရန် ဖိလစ်ပိုင် စီစဉ်


ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံကနေ ဆန်ဝယ်ယူတင်သွင်းဖို့ စီစဉ်နေတယ်လို့ ရိုက်တာသတင်းက ရေးသားပါတယ်။

အဓိကဆန်တင်ပို့တဲ့ နိုင်ငံတခုဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့ ရပြီးနောက် ဆန်လိုအပ်ချက်ကို ဖြည့်တင်းနိုင်အောင် အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေထံကလည်း ဆန်တင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ဗီယက်နမ်နိုင်ငံက ဆန်တန်ချိန် ၃ သိန်းနဲ့ ထိုင်းနိုင်ငံကနေ ဆန်တန်ချိန် ၂ သိန်း ဧပြီလအတွင်းမှာ တင်သွင်းဖို့ သက်ဆိုင်ရာအစိုးရတွေချင်း ဖေဖော်ဝါရီလကုန်ပိုင်းက သဘောတူညီခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၁၄ ခုနှစ်က ဆန်တန်ချိန် ၁ ဒသမ ၇ သန်း ပြည်ပကနေ တင်သွင်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဆန်တန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းနိုင်ရဖွယ်ရှိပါတယ်။

ကုန်သွယ်ရေးဝန်ကြီးဌာနအဆိုအရ မနှစ်ဘန်ဒါနှစ်မှာ မြန်မာနိုင်ငံက ဆန်တန်ချိန် ၁ ဒသမ ၇ သန်းခန့် တင်ပို့ရောင်းချနိုင်ခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ သန်း ၆၄၅ ရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာဆန်တင်ပို့မှုဟာ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တုန်းက တန်ချိန် ၁ ဒသမ ၄၇၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁ ဒသမ ၂ သန်း ရှိခဲ့ပြီး ပို့ကုန်အားလုံးပေါင်းရဲ့ လေးပုံသုံးပုံခန့်ဟာ တရုတ်နိုင်ငံကို ရောင်းချခဲ့ပါတယ်။

လာမယ့်မေလကျရင် တရုတ်နိုင်ငံနဲ့ သဘောတူညီချက်အရ ဆန်တန်ချိန် ၃ ထောင်ကို ပထမဆုံးအကြိမ် တရားဝင်လမ်းကြောင်းကနေ တင်ပို့ဖို့ ပြင်ဆင်နေပါတယ်။

DVB
Previous
Next Post »
Powered by Blogger.