မင်းအုပ်စိုးက တေးနုယဉ်ကို ရည်ရွယ်ချက်ဖြင့်သတ်ခဲ့ခြင်းမဟုတ်ဟု အခင်းဖြစ်ပွားသည့်အိမ်၌ရှိသည့် အမျိုးသမီးတစ်ဦးထွက်ဆို


လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသော သရုပ်ဆောင် မင်းအုပ်စိုးအမှုကို ဧပြီ ၁ ရက်ရုံးချိန်းတွင် ဆက်လက် စစ်ဆေးရာ အခင်းဖြစ်ပွားသည့်အိမ်၌ရှိနေ သူက မင်းအုပ်စိုးသည် တေးနုယဉ် ကို ရည်ရွယ်ချက်ဖြင့်သတ် ခဲ့ခြင်း မဟုတ်ကြောင်းထွက်ဆိုခဲ့သည်။

အဆိုပါအမျိုးသမီးက အ ခင်းဖြစ်ပွားသည့်ညတွင် ၎င်းသည် မင်းအုပ်စိုး၊ တေးနုယဉ်တို့နှင့်အ တူရှိနေခဲ့ပြီး မင်းအုပ်စိုးက လူမှု ရေးကိစ္စတစ်ခုနှင့်ပတ်သက်၍ တေးနုယဉ်ကိုပြောဆိုခဲ့ရာတေးနု ယဉ်က ငြင်းဆန်ခဲ့
သောကြောင့် စကားများခဲ့သည်ဟုပြောကြားခဲ့ သည်။

မင်းအုပ်စိုးနှင့် တေးနုယဉ် စကားများနေသောကြောင့် ၎င်း တို့က ရှောင်ပေးသည့်အနေဖြင့် အိပ်ခန်းသို့သွား ခဲ့ပြီး မင်းအုပ် စိုးနှင့် တေးနုယဉ်တို့ အိပ်ခန်းအတွင်း ရောက်ရှိလာချိန်တွင် လည်းရေချိုးခန်းဘက်သို့ ရှောင် ထွက်ခဲ့ ကြောင်းထွက်ဆိုခဲ့သည်။

ထို့နောက် မင်းအုပ်စိုးက ၎င်း၏လက်ကို ကိုက်သော ကြောင့် လွှတ်ရန်ပြောဆိုခဲ့သည် ကို ကြားရသော
ကြောင့် သွား ရောက်ကြည့်ရှုခဲ့ရာ တေးနုယဉ် မှာ ကြမ်းပြင်ပေါ်တွင် လဲကျနေ သည်ကိုတွေ့ရှိရသည်ဟု အထက် ပါအမျိုးသမီးကထွက်ဆိုခဲ့သည်။

သို့သော်လည်း တရားလို ရှေ့နေက မေးမြန်းသည့်အချိန် တွင် ကြမ်းပြင်ပေါ်၌လဲကျနေ သော တေးနုယဉ် သည် သတိမရတော့ဟု ထွက်ဆိုခဲ့ပြီး မင်းအုပ်စိုး ၏ ရှေ့နေမေးသည့်အချိန်တွင်မူ တေးနုယဉ်သည် ညည်းညူမှုများ ရှိသည် ဟုထွက်ဆိုခဲ့သည်။ ထို့ ကြောင့် တရားလိုရှေ့နေက ၎င်း ကိုမည်သည့်ဖြေဆိုချက် ကမှန် ပါသလဲဟု မေးမြန်းခဲ့ရာ မင်းအုပ်စိုး၏ရှေ့နေကို ဖြေကြားခဲ့သည် မှာ အမှန်ဖြစ်ကြောင်း ထွက်ဆိုခဲ့ သည်။

ထို့အပြင် အခင်းဖြစ်ပွား သည့်နေ့က ရဲစခန်းတွင် စစ်ဆေး ခဲ့ရာ အခင်းဖြစ်စဉ်များကြောင့် ကြောက်ကာ မင်းအုပ်စိုးကတေး နုယဉ်ကိုသတ်ကာအဖမ်းခံခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သော် လည်းအမှန်တကယ်မှာ တေးနု ယဉ်သေဆုံးကြောင်း ရဲစခန်းသို့ သွားရောက်အကြောင်းကြားခြင်း ဖြစ်သည်ဟုထွက်ဆိုခဲ့သည်။ ဧပြီ ၁ရက်ရုံးချိန်းတွင် အထက်ပါအ မျိုးသမီးအပါအ၀င်သက်သေနှစ် ဦးကို စစ်ဆေးခဲ့ပြီး ဧပြီ ၈ ရက် တွင် ဆက် လက်စစ်ဆေးမည်ဟု ထပ်မံ၍ ရုံးချိန်းခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၅ ရက် နံနက် ၂နာရီတွင် ဗဟန်းမြို့ နယ်ဖိုးစိန်လမ်းရှိ သရုပ်ဆောင် မင်းအုပ်စိုးနေ အိမ်၌ သရပါမဂ္ဂ ဇင်းအယ်ဒီတာမတေးနုယဉ်(ခ) မနုနုယဉ်သည် ရင်ဘတ်၊ မျက်နှာ နှင့် ကျောဘက်တို့တွင် အညိုအ မည်းဒဏ်ရာများဖြင့်သေဆုံးခဲ့ သောကြောင့် သရုပ်ဆောင်မင်း အုပ်စိုးကို ဇန်န၀ါရီ ၂၂ ရက်က အ နောက်ပိုင်းခရိုင်တရားရုံး၌ လူ သတ်မှုဖြင့်တရားစွဲဆိုခဲ့ပြီး သေ ဆုံးသူအမျိုးသမီး၏ မိသားစုက မှန်ကန်သော တရားစီရင်မှုဖြစ် စေရန်တောင်းဆိုထားသည်။

7day
Previous
Next Post »
Powered by Blogger.