သင်္ကြန်မှာ ထိုင်းအကမယ်ဖျော်ဖြေပွဲကို ခံဝန်နဲ့အကွ ထပ်မံဖျော်ဖြေဦးမယ့် ဂျွန်လွင်


Grand Royal မှ သင်္ကြန်တွင်း စီစဉ်ကျင်းပမည့် Iron Cross Show နှင့် Signature Blue Zone Water Festival 2015 တွင် ပညာပေး အကများဖြင့် သာ ဖျော်ဖြေသွားမည်ဟု Star Event Production မှ မန်းနေးဂျင်း ဒါရိုက်တာ ကိုဂျွန်လွင်က ပြောဆိုလိုက်သည်။

“ဒီနှစ်သင်္ကြန်မှာ မနှစ်က ဝေဖန်ခံခဲ့ရတဲ့ ထိုင်း အကမယ်တွေကို ပြန်ဖိတ် ခေါ်သွားဖို့ရှိတယ်။ လူတွေ ဝေဖန် သလိုလည်း မဟုတ်ဘူး။ မယုံရင် လာကြည့်ပါ။ ဒီနှစ်အကမယ်တွေ အတွက် ၀တ်စုံတွေကို ခြေဖျားက ခေါင်းဆုံးအထိ တာဝန်ယူမယ်။ မျက်နှာနဲ့ခေါင်းပဲ ကြည့်ရမှာပါ။ မနှစ်ကလည်း ဘောင်းဘီက ပေါင်တစ် ၀က်လောက်အထိ ပါပါတယ်။ ရေဆိုလို့ အပေါ်လိပ်တက် သွားတာကို အောက်ခံဘောင်းဘီနဲ့ကတယ်လို့ ဝေဖန် ခံရတာပါ။ ပညာအသားပေးကပြီး တင်ဆက်တာမျိုးပဲ လုပ်မယ်။”ဟု ၎င်းက ပြောသည်။

ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ကျင်းပသည့် Grand Royal 2014 Water Festival ပွဲတော်တွင် အောက်ခံ ဘောင်းဘီပုံစံဖြင့်သာ ထိုင်းအကမယ်များ ကပြဖျော်ဖြေခဲ့ပြီး အဆိုပါ အကမယ်များမှာ လိင်တူချစ်သူချင်း စိတ်ဝင်စား သူများဟု ဝေဖန်ခံခဲ့ရပြီး ထိုဝတ်စားဆင်ယင်ဖျော်ဖြေမှုများကြောင့် ၂၀၁၄ ခုနှစ်တွင် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ အမည်ပျက် စာရင်းသွင်းခံခဲ့ရသည်။

“၂၀၁၄ ခုနှစ်သင်္ကြန်ရဲ့ ၀တ်စားဆင်ယင်မှုကြောင့် အမည်ပျက်စာရင်း အသွင်းခံရတယ်လို့ ပြောကြ ပေမယ့် ဒီနှစ်အတွက်ကတော့ ကျွန်တော်တို့ဘက်ကလည်း ဒါမျိုး မဖြစ်စေရဘူး ဆိုတဲ့ ခံဝန်နဲ့ ၂၀၁၅ ခုနှစ်ပွဲကို ကျင်း ပတာပါ။ ၀တ်စားဆင်ယင်မှု မရိုင်းအောင်လည်း စီစဉ်သွားမှာပါ။” ဟု Star Event Production မှ ဂျွန်လွင် က ဆိုသည်။

Grand Royal နှင့် Iron Cross တို့ရဲ့မဟာတွဲဖက်ဖျော်ဖြေတင်ဆက်မှုတွင် Iron Cross တေးဂီတ အဖွဲ့၏ ဖျော်ဖြေမှုနှင့်အတူ အက်စတာ ၊ ထက်ထက်မြင့်အောင်တို့က ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ပြီး Signature Blue Zone Water Festival 2015 တွင် DJ Athena ၊DJ Dan ၊DJ Yukie ၊DJသော်သော် ၊DJ သော်လေး တို့က သင်္ကြန်ကာ အကြိုနေ့မှအတက်နေ့ အထိ ကန်တော်ကြီးမျှော်စင်ကျွန်းတွင် အခမဲ့ ဖျော်ဖြေသွားမည် ဖြစ်သည်။

Shwe Myitmakha Media Group
Previous
Next Post »
Powered by Blogger.