ရန်ကုန်မြို့တွင် ဧပြီ ၂၃ ရက်ညနေက လေပြင်းတိုက်ခတ်မှုကြောင့် အင်းလျားလမ်းပေါ်ရှိ သစ်ပင်တစ်ပင် ပြိုလဲ၍ ကားတစ်စီးပေါ် ပိမိနေသည်ကို စည်ပင်ဝန်ထမ်းများက ဖယ်ရှားရန်ပြင်ဆင်နေစဉ် (ဓာတ်ပုံ − နစ်ကီ) |
ဧပြီ ၂၃ ရက် ညနေ ၆ နာရီ ခန့်က စတင်ကာ ရန်ကုန်မြို့ မြို့ နယ်အနှံ့အပြားတွင် မိုးသက်လေ ပြင်းကျရောက်ခဲ့ပြီး လေကြောင်း ရဲတပ်ဖွဲ့က ရာသီဥတုအခြေ အနေကြောင့် လေယာဉ်ခရီးစဉ် အချို့ ခေတ္တရပ်နားလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးဝင်းဆွေထွန်းက ရာသီဥတုအခြေအနေကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ လေယာဉ်ဆင်းရန် ခက် ခဲသည့်အတွက် ထိုင်းအဲဝေး TG 305 လေယာဉ်မှာ ရန်ကုန် လေဆိပ်တွင် မဆင်းသက်နိုင်ဘဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပြန်လည်ခဲ့ရကြောင်း ပြောသည်။ ထိုင်းအဲဝေး TG 305 လေယာဉ်မှာ ရန်ကုန်လေဆိပ်တွင် မဆင်းသက်နိုင်ဘဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပြန်လှည့်ခဲ့ရကြောင်း ပြောသည်။
ထို့အပြင် ရန်ကုန်လေဆိပ် သို့ ဆင်းမည့် ပြည်တွင်းလေ ကြောင်းလိုင်းများမှ လေယာဉ် ငါးစီးလည်း ရာသီဥတုဆိုးရွား သောကြောင့် သက်ဆိုင်ရာလေ ဆိပ်များသို့ ပြန်လှည့်ပျံသန်းခဲ့ရ ပြီး အချို့လေယာဉ်များမှာ အနီး စပ်ဆုံးနေပြည်တော်လေဆိပ်သို့ ဆင်းသက်ခဲ့ရကြောင်း ဦးဝင်းဆွေ ထွန်းကပြောသည်။ ည ၉ နာရီ ခန့်တွင် လေပြင်းတိုက်ခတ်မှု ရပ်တန့်သွားသောကြောင့် အချို့လေယာဉ်များ ရန်ကုန်လေဆိပ် သို့ ပြန်လည်ဆင်းသက်ကြောင်း သတင်းရရှိသည်။
လေပြင်း တိုက်ခတ်မှု ကြောင့် ရန်ကုန်မြို့ အင်းလျား လမ်းတွင် လုံးပတ်လေးပေခန့်ရှိ သစ်ပင်တစ်ပင် အမြစ်မှ ကျွတ် ထွက်ကာ ကားနှစ်စီးပေါ်ပိခဲ့ သည်။ လူထိခိုက် ဒဏ်ရာရမှု မရှိသော်လည်း ကားနှစ်စီးလုံး ပျက်စီးခဲ့သည်။
ရန်ကုန်မြို့ မြို့နယ်များတွင် လေပြင်းကြောင့် အဆောက်အအုံအမိုးများ လန်ခြင်းနှင့် သစ်ပင်အချို့ လဲကျခြင်းတို့ ဖြစ်ပွားခဲ့သည်။
လေပြင်းတိုက်ခတ်ရာတွင်ဖုန်မှုန့်၊ သဲမှုန့်များပါဝင်ပြီး၊ မိုးတိမ်များကြောင့် တစ်မြို့လုံး မိုးမှောင်ကျခဲ့သည့် လေပြင်းတိုက်ပြီး မကြာမီ မီးလည်းပြတ်သွားသည်။ မြို့တွင်းဈေးဆိုင်များ၊ စတိုး ဆိုင်များမှာလည်း လေပြင်းတိုက် ခတ်မှုကြောင့် အချိန်စောပိတ်ခဲ့ သည်။ အလုပ်ဆင်းချိန်ဖြစ်သော ကြောင့် ကားလမ်းပိတ်ဆို့မှုပိုမို ဖြစ်ပွားခဲ့ပြီး မြို့ခံအများစု မိုးထဲ လေထဲတွင် အခက်အခဲများ ရင် ဆိုင်ခဲ့ရသည်။
‘‘မမျှော်လင့်ဘဲဖြစ်တော့ အ ရမ်းကြောက်သွားတာ။ လေက အရမ်းပြင်းတယ်။ သစ်ပင်က ကိုယ်ရှေ့မှာတင် ကားပေါ်လဲကျ တာ။ အခုအိမ်ပြန်ဖို့ ကားငှားတာ တောင် မလိုက်ကြတော့ဘူး။လမ်း တွေ ပိတ်ကုန်လို့’’ဟု အင်းလျား လမ်းပေါ်ရှိ ခရီးသွားကုမ္ပဏီတစ် ခုမှ ၀န်ထမ်း ကိုဟိန်းမင်းကဆို သည်။
ထို့အပြင် ဧပြီ ၂၃ ရက် ညနေမှာ ပင် နေပြည်တော်-ရန်ကုန် အမြန်လမ်း တိုးဂိတ်အနီးတွင် လေပြင်း တိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ်များ ပျက်စီး ခြင်း၊ ၁၁၅ မိုင်တွင် မိုးသီးများ ကြွေခြင်း၊ ရန်ကုန်-ပြည် အဝေး ပြေးလမ်းတွင် သစ်ပင်ကြီးများ ပြိုလဲခြင်း၊ ဧရာဝတီတိုင်းဒေသ ကြီးမှ မြို့အချို့တွင်လည်း လေ ပြင်းတိုက်ခတ်၍ ဓာတ်တိုင်များ လဲခြင်း၊ အများသုံး တယ်လီဖုန်းရုံများပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် ဧပြီ ၂၃ ရက်ညနေက အဓိက လေပြင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ရန်ကုန်တွင်တိုက်ခတ်သော လေပြင်းမှာ ကမ္ဘာအေးမိုးလေ၀သစခန်းတိုင်းတာချက်အရ တစ်နာရီလျှင် လေတိုက်နှုန်း ၃၅ မိုင်မှ ၃၈ မိုင်အတွင်း ရှိကြောင်း မိုး/ဇလက သတင်းထုတ်ပြန်သည်။
လေပြင်းတိုက်ခတ်မှုမှာ ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့မှ ၀င်ရောက် လာသော လေပွေလှိုင်းများကြောင့်ဖြစ်ပြီး ရန်ကုန်မြို့တွင် သာမက မြန်မာနိုင်ငံဒေသအနှံ့ တွင်လည်း လေပြင်းများတိုက်ခတ်ပြီး မိုးရွာသွန်းခဲ့ကြောင်း မိုး/ဇလ ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကပြောသည်။
မြန်မာနိုင်ငံ ဒေသအနှံ့တွင် ဧပြီ ၂၀ ရက် နောက်ပိုင်းလေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း တို့ကြောင့် လူသေဆုံးသည်အထိ ဖြစ်ပေါ်နေပြီး ယင်းရာသီဥတု ဖြစ်စဉ်မျိုး ဧပြီလကုန်ခန့်အထိ ဆက်တိုက်ရင်ဆိုင်ရနိုင်ကြောင်း ဒေါက်တာထွန်းလွင်နှင့် မိုး/ဇလ ဌာနက သတိပေးထားသည်။
ဧပြီ ၂၁ မှ ၂၃ ရက်အတွင်း တမူး၊ တံတားဦး၊ ပခုက္ကူ၊ မိတ္ထီလာ၊ ဖြူး၊ ကန့်ဘလူနှင့် ဥက္ကံမြို့ တို့တွင် လေပြင်းတိုက်ခတ်ခြင်း နှင့်အတူ မိုးသီးများပါ ကြွေကာ လူသေဆုံးမှုများရှိခဲ့ကြောင်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာ န၊ ကယ်ဆယ်ရေးဌာနမှ သတင်း ရရှိသည်။ ဧပြီ ၂၃ ရက်အထိ နောက်ဆုံးရင်ဆိုင်ခဲ့ရသော ရာ သီဥတု ဘေးအန္တရာယ်ကြောင့် လူသေဆုံး၊ ထိခိုက်မှုစာရင်းကို အဆိုပါဝန်ကြီးဌာနက အတည်ပြု ၍ မရသေးကြောင်း ပြောသော် လည်း ဧပြီလဆန်းမှ စတင် ရင်ဆိုင်ခဲ့ရသော ယင်းသဘာဝ ဘေးကြောင့် ဖားကန့်၊ ကလေး၊ တမူးနှင့် တာချီလိတ်မြို့တို့တွင် လူ ၁၀ ဦးထက် မနည်းသေဆုံးခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြုစုထားသော စာရင်းများ အရ အတည်ပြုထားနိုင်သည်။
တမူးမြို့တွင် ဧပြီ ၂၂ နှင့် ၂၃ ရက် နှစ်ရက်ဆက်လေပြင်းကျခဲ့ ပြီး လူ နှစ်ဦး သေဆုံးခဲ့သည်။ တံ တားဦးမြို့တွင်မူ တစ်နာရီ လေ တိုက်နှုန်း မိုင် ၄၀ ခန့်အထိ တိုက် ခဲ့ပြီး တံတားဦးလေဆိပ်အနောက် ဘက်ရှိ တောမီးပါ တစ်ချိန်တည်း လောင်ကျွမ်းခဲ့ကြောင်း မိုး/ဇလ ဌာနမှ သတင်းရရှိသည်။ ကန့်ဘ လူမြို့တွင် ဧပြီ ၂၂ ရက်က သစ် သားအိမ်တစ်လုံးပြိုခဲ့ပြီး အ ဆောက်အအုံအချို့ ပျက်စီးခဲ့ ကြောင်း မြို့နယ် ထွေ/အုပ်ရုံးမှ သတင်းရရှိသည်။
မိုးလေ၀သပညာရှင် ဒေါက် တာထွန်းလွင်က ယခုရက်ပိုင်း ရင်ဆိုင်နေရသော ရာသီဥတုဖြစ် စဉ်ကြောင့် မိုးတိမ်တောင် အန္တ ရာယ်အလွန်များနေပြီး မေလကုန်အထိ သတိပြုရန်လိုကြောင်း သတိပေးထားသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ တိုက်ခတ်နေသည့် မိုး ကြိုးမုန်တိုင်း၏ သက်ရောက်မှု ကြောင့်လည်း ရှမ်း၊ ကရင်၊ ကယားပြည်နယ်များအပါအ၀င် မြန်မာနိုင်ငံဒေသအနှံ့လေပြင်း အန္တရာယ်ရင်ဆိုင်ရနိုင်ကြောင်း ၎င်းက သတိပေးသည်။ မိုး/ဇလ ဌာနက ဧပြီ ၂၁ မှ ၂၆ ရက်အထိ မြန်မာနိုင်ငံဒေသအနှံ့နေရာကွက် ၍ မိုးရွာသွန်းမှုနှင့် လေပြင်းအန္တရာယ် သတိပြုသင့်ကြောင်း သတင်းထုတ်ပြန်ထားသည်။
7day
Sign up here with your email
ConversionConversion EmoticonEmoticon