၂၁ ရာစုရဲ့ အဆန်းသစ်ဆုံး တီထွင်ဖန်တီးမှုများ


၂၀ ရာစုဟာ သိပ္ပံပညာအတိုးတက်ဆုံးခေတ်ရယ်လို့ ညွှန်းဆိုကြပါတယ်။ ဒါပေမယ့် အခုရောက်နေတဲ့ ၂၁ ရာစုမှာလည်း တီထွင်ဖန်တီးမှုတွေက ရပ်တန့်မသွားပါဘူး။ ပိုလို့တောင် တိုးလာပါသေးတယ်။ ၂၁ ရာစုထဲ ကို ဝင်ရောက်လာခဲ့တာ ဆယ်စုနှစ် တစ်ခုကျော် လာခဲ့ပြီးတဲ့နောက်ပိုင်း အရေးအပါဆုံး တီထွက်ဆန်းသစ် မှုတွေကို အခုလို တွေ့ရမှာဖြစ်ပါတယ်။

၁။ ယနေ့ခေတ်မှာ ထိပ်တန်းစမတ်ဖုန်းဖြစ်နေတဲ့ iPhone ရယ်လို့ ပေါ်မလာသေးခင် Apple ကုမ္ပဏီက iPod ကို ၂၀၀၁ ခုနှစ်မှာထုတ်လုပ်ခဲ့ပြီး လူတွေသီချင်းနားထောင်ဖို့ အရမ်းလွယ်ကူသွားခဲ့ပါတယ်။

၂။ ယနေ့ အင်တာနက်အသုံးပြုသူတွေ အတော်များများ အသုံးပြုနေတဲ့ Mozilla Firefox Browser ကို ၂၀၀၂ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ပြီးလွယ်ကူတာကြောင့် အင်တာနက် အသုံးပြု သူတွေကို အထောက်အကူပြုခဲ့ပါတယ်။

၃။ အင်တာနက်ပေါ်က ဖုန်းပြောလို့ရတဲ့ စနစ်ကို Skype ဆိုတဲ့ ဆော့်ဖ်ဝဲနဲ့ ၂၀၀၃ ခုနှစ်မှာ အသုံးပြုနိုင်
အောင်တီထွင်နိုင်ခဲ့ပါတယ်။

၎။ ၂၀၀၄ ခုနှစ်မှာတော့ facebook ပေါ်လာပါတယ်။ facebook နဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့ Myspace ကအရင် ထွက်တာ ဖြစ်ပေမယ့် facebook ရဲ့အောင်မြင်မှုက ကျော်တက်သွားပြီး ယနေ့ကမ္ဘာပေါ်မှာ သုံစွဲသူ ၁.၃ ဘီလျံရှိပါတယ်။

၅။ ယနေ့သန်းနဲ့ချီတဲ့ ဗီဒီယိုဖိုင်တွေကို ထိန်းသိမ်းပေးထာတာက Youtube ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ သူ့ကြောင့် များစွာပြောင်းလဲခဲ့ရပြီး လူကြည့်အများဆုံး ဗီဒီယိုဝက်ဘ်ဆိုက်လည်း ဖြစ်ပါတယ်။

၆။ စမတ်ဖုန်းလောကကို တခေတ်ဆန်းသစ်စေခဲ့တာက ၂၀၀၇ ခုနှစ်မှာ ထွက်လာတဲ့ ပထမဆုံး iPhone ကြောင့်ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ iPhone သုံးပြီး လူနေမှုစနစ်တွေ များစွာပြောင်းလဲခဲ့ပါတယ်။ အလုံးရေ သန်း ၅၀၀ ကျော်ယနေ့ချိန်အထိ ရောင်းချထားပါတယ်။


၇။ အင်တာနက်ကနေ စာအုပ်ဝယ်ပြီး တခါတည်းဖတ်လို့ရတဲ့ e-reader စနစ်ကို အရင်က လုပ်ခဲ့ဖူးကြပေ မယ့် ၂၀၀၇ ခုနှစ်မှာ Kindle ကဒီဈေးကွက်ကို ပိုပြီးပီပြင်စေခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ Kindle သုံးပြီး စာဖတ်သူ သန်းပေါင်းများစွာ ရှိနေပါပြီ။

၈။ ၂၀၀၈ ခုနှစ်မှာတော့ ဂူးဂဲလ်အန်းဒရွိုက်စနစ် ထွက်ပေါ်လာပါတယ်။ ios နဲ့ မတူတဲ့ ပုံစံနဲ့ မိုဘိုင်းဖုန်းတွေ ကို အမြင်ဆန်းသစ်စေခဲ့ပြီး ယနေ့မှာ ios နဲ့ အဓိကပြိုင်ဘက်ဖြစ်နေပါတယ်။

၉။ Apple က iPhone ကို ၂၀၀၇ မှာထုတ်ပြီး iPad ကိုတော့ ၂၀၁၀ မှာဖန်တီးခဲ့ပါတယ်။ tablet ထဲမှာ ပထမဆုံး ဖန်တီးမှုတော့ မဟုတ်ပါဘူး။ စာအုပ်တစ်အုပ်လောက် အရွယ်အစားနဲ့ ကွန်ပျူတာတစ်လုံးလို သုံးနိုင်တဲ့အတွက် ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။

၁၀။ ကမ္ဘာကျော် မော်တော်ကားကုမ္ပဏီကြီး Nissan က လျှပ်စစ်ကားကို ၂၀၁၀ မှာ တီထွင်ခဲ့ပါတယ်။ လောင်စာစွမ်းအင်မလိုပဲ လျှပ်စစ်နဲ့ အားသွင်းပြီးမောင်းနှင်နိုင်မယ့် ဒီကားကိုယနေ့ဈေးကွက်ထဲမှာ ဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။

Planet Myanmar
Previous
Next Post »
Powered by Blogger.