ကျောက်ကပ်ရောဂါမဖြစ်အောင် ဒီ (၃) ချက်ကိုဆောင်


၁။ ရေကို လုံလောက်စွာ သောက်ပါ

၂။ နွားနို့၊ ဒိန်ချဉ် သောက်ပါ

၃။ ဆား၊ အငံတို့ကို လျှော့စားပါ

၁။ ရေဓါတ်ပြည့်ဝနေလျှင် ခန္ဓာကိုယ်ဟာ ကျန်းမာနေမည်။ ရေကို လုံလောက်စွာ သောက်ပေးပါ။ သင်အ များဆုံး နေလေ့ရှိတဲ့နေရာအနားမှာ ရေဗူးကို အမြဲထားပါ။ ရေဆာတိုင်း သောက်ပေးပါ။ ေ

ရေဓါတ်ခန်းခြောက်နေတဲ့ ကိုယ်ဟာ ကျောက်ကပ်ဖြစ်နိုင်ခြေ ၂၀ % ရှိပြီး ရေဓါတ်လုံလောက်နေလျှင် ၆၀% ကာကွယ်ပေးနိုင်ပါတယ်။

၂။ နွားနို့နဲ့ ဒိန်ချဉ်မှာ ပါရှိတဲ့ ကာလ်စီယမ်ဓါတ်ဟာ သွေးဖိအားကို လျှော့ချပေးနိုင်ပြီးကျောက်ကပ်ရောဂါဖြစ် နိုင်ခြေ ၂၀ % အထိကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ကို နွားနို့်တစ်ခွက်၊ သို့မဟုတ် ဒိန်ချဉ် နှစ်ခွက် သောက်ပေးနိုင်ပါတယ်။

၃။ ဆားနှင့်အငံဓါတ်တို့ဟာ ကယ်လ်စီယမ်ဓါတ်ကို စွန့်ထုတ်မှုပိုများစေပြီး အရိုးသန်မာမှုကို လျှော့နည်းစေ တဲ့အပြင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းဖြစ်စေနိုင်ခြေကိုလည်း ပိုများစေသည့်အတွက် ဆားကို လျှော့စားသင့်ပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ salt and kidney infection, Good Health
Previous
Next Post »
Powered by Blogger.