စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးအနီးဖွင့်လှစ် ထားသော မုံရွာမြို့နန္ဒဝန် ရပ်ကွက် ရှိ လျှပ်စစ်ပစ္စည်းဆိုင် အတွင်းဝင် ရောက်ခိုးယူသော ရဲတပ်သားတစ်ဦး အား ဆိုင်မှအမျိုးသမီးသုံးဦးက ဝိုင်း ဖမ်းခဲ့ကြောင်း ၄င်း ဆိုင်မှစုံစမ်းသိ ရှိရသည်။
ဧပြီ ၁ရက် နံနက် ၁ဝ နာရီအ ချိန်ခန့်က အဆိုပါရဲတပ်သားမှာ ဆိုင်နောက်ဖေးမှမှန်တံခါးကိုဖြုတ်၍ ဆိုင်အ တွင်းဝင်ကာ ငွေသားနှင့် ရွှေထည် များကိုခိုးယူစဉ် ဝိုင်းဖမ်းခဲ့ကြောင်း ၄င်း ဆိုင်မှအမျိုးသမီးက ပြောသည်။
''သူခိုးလို့အော်ပြီးဝိုင်းဖမ်းတာ၊ ပြီးမှရဲကိုအကြောင်းကြားတာပါ၊ သူ့ လက်ထဲမှာကြွပ်ကြွပ်အိတ်နဲ့ထည့်ထား တဲ့ငွေဆယ်သိန်းနဲ့မောင်းကွင်း ရွှေလက်စွပ်တစ်ကွင်းကိုတွေ့တယ်၊ သူကတွန်းထိုးပြီးထွက်ပြေးဖို့ကြိုးစား လို့ ကျွန်မတို့သုံးယောက်ဝိုင်းဖမ်းထားကြတာ၊၊ နောက်ဖေးတံခါးဂျက် ဖြုတ်သံကြားလို့ထွက်ကြည့်တာ၊ ဗီရို ထဲက ငွေနဲ့ရွှေတွေကိုယူတာ''ဟု ၄င်း ဆိုင်မှ မခင်မျိုးအေးက ပြောသည်။
၎င်းလျှပ်စစ်ပစ္စည်းဆိုင်နှင့် ထမင်းဆိုင်တွဲဖွင့်ထားရာ ၄င်းရဲတပ် သားမှ ယခင်နေ့များကဆိုင်တွင် ထမင်း လာရောက်စားခြင်းများရှိခဲ့ ကြောင်း ၄င်းတို့ကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ကိုင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှဒုရဲမှူး ကြီးတင့်လွင်က ''ကျွန်တော် အခုမှ နေပြည်တော်ကရောက်လို့ရုံးမတက် သေးတော့ ဖြစ်စဉ်အကုန်မသိသေး ပါဘူး၊ ဒါပေမဲ့ ခိုးမှုအမှန်တကယ် ကျူး လွန်တယ်ဆိုရင် ရဲလဲနိုင်ငံသားတစ် ယောက်ပဲအရေးယူမှာပါ၊ ထောင် လဲကျမယ်၊ အလုပ်လဲပြုတ် မယ်ပေါ'့' ဟု ဧပြီ ၂ရက် ညနေ ၅ နာရီခန့်က ဒီမိုကရေစီတူဒေးသတင်းစာ၏ဆက် သွယ်မေးမြန်းမှုကို ပြန်လည်ဖြေ ကြားခဲ့သည်။
''စစ်ကိုင်းတိုင်းအတွင်း ဘယ် နေရာတာဝန်ကျမယ်လို့ မခွဲရသေး ဘူး။ တိုင်းရဲရုံးဘားတိုက်မှာနေတာ ပါ။ ခိုးမှုနဲ့ ဖွင့်ထားတာလဲ မှန်တယ်။ ရဲတပ်သားဆိုတာလဲမှန်တယ်။ အချုပ် မှာထားပြီးစစ်နေတယ်''ဟု မုံရွာမြို့ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ် ဦင်္းက ပြောကြားသည်။
၎င်းအမှုကို မုံရွာမြို့နယ်မြေ ရဲစခန်းတွင်တိုင်ကြားရာစခန်းမှပြစ် မှုကျူးလွန်သူရဲတပ်သားရဲပိုပိုစိုး ၂၃ နှစ်အား ပုဒ်မ ၃၈ဝဖြင့် အမှုဖွင့်အ ရေးယူထားသည်။
ဒီမိုကရေစီတူဒေး
Sign up here with your email
ConversionConversion EmoticonEmoticon