အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ ဖော်ဆောင်နေသည့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကို အား ပေးထောက်ခံ၍ စစ်ပွဲများကို ရှုတ်ချသည့် ဆန္ဒပြပွဲကျင်းပရန် သျှမ်းပြည်နယ်အစိုးရက သျှမ်းပြည်
မြောက်ပိုင်း မူစယ်ဒေသခံများအား ညွှန်ကြားကြောင်း သိရှိရသည်။
ထိုသို့ဆန္ဒပြပွဲကျင်းပရန် သျှမ်းပြည်နယ်အစိုးရက မူစယ်မြို့နယ် အုပ်ချုပ်ရေး မှူးရုံးအား ညွှန်ကြားလာသော ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဇော်က မူစယ်ဒေသခံများအား ခေါ်ယူကာ ယနေ့(ဧပြီလ ၃ ရက်နေ့) မွှန်းလွှဲပိုင်း ၁ နာရီ မြို့နယ်အုပ်ချုပ်ရေးရုံးတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု ဆို၏။
“ဒါကတော့ နိုင်ငံရေးလှည့်ကွက်ဘဲ။ နိုင်ငံရေး မသိနားမလည်တဲ့ ပြည်သူတွေ ကို လှည့်စားတာ။ ပြည် သူတွေရဲ့ ဆန္ဒလည်း မဟုတ်ဘူး။ အစိုးရက လုပ်ခိုင်းလို့ မတတ်နိုင်လို့ မလွန်ဆန်နိုင်လို့ လုပ်ရမှာ” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ စိုင်းဟင်လိတ် က ပြောပါသည်။
တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကို အားပေးထောက်ခံ၍ စစ်ပွဲများကို ရှုတ်ချ သည့် ဆန္ဒပြပွဲကို လာမည့် ဧပြီလ ၆ ရက်နေ့မှာ ပြုလုပ်မည်ဖြစ်ကြောင်း၊ နံနက် ၈ နာရီတွင် မူစယ်လေယာဉ်ကွင်းဟောင်း၌ စုဝေး၍ ၉ နာရီ တွင် ဘော်လုံးကွင်းသို့ စတင်လမ်းလျှောက်ဆန္ဒပြမည်ဖြစ်ကြောင်း၊ တရပ်ကွက်လျှင် အနည်းဆုံး အယောက် ၂၀၀ ပါဝင်ရမည်ဖြစ်ကြောင်း ဆို၏။
“မူစယ်မှာ ရပ်ကွက် ၉ ရပ်ကွက်ရှိတယ်။ ဒါပေမဲ့ ဟိုမွန်ရပ်ကွက်က အင် အားကြီးတော့ အနည်းဆုံး ၅၀၀ ရှိရမယ်တဲ့။ ဒါကြောင့် အနည်းဆုံး အယောက် ၂၀၀၀ လောက်ပါဝင်ရမှာ။ နောက်တိုင်းရင်းသားယဉ်ကျေး မှုအဖွဲ့ ၅ ဖွဲ့ရှိတာ တဖွဲ့ကို ၁၀ ယောက်တဲ့။ အဲဒီနေ့မှာ တိုင်းရင်းသားဝတ်စုံအပြည့် ၀တ်ဆင်လာရမယ် လို့လည်း ပြောတယ်” ဟု ဟိုမွန်ရပ်နေ လုံးလှိုင်က လည်း ပြောပါသည်။
လမ်းလျှောက်ဆန္ဒပြရာ၌ သျှမ်းပြည်နယ်အစိုးရက ချမှတ်ပေးထားေ သာ ကြွေးကြော်သံ ၅ ချက် ဖြစ်သည့် ၁) တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး - ဒို့အရေး ၊ ၂) နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး - ဒို့အရေး ၊ ၃) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး - ဒို့အရေး ၊ ၄) ဒီမိုကရေစီရှင်သန်ခိုင်မာရေး - ဒို့အရေး ၊ ၅) ၂၀၁၅ ငြိမ်းချမ်းမှုဖော်ဆောင် ရေး- ဒို့အရေး…တို့ကိုသာ ကြွေးကြော်ရ မည်ဟု ညွှန်ကြားကြောင်း သိရပါသည်။
သျှမ်းသံတော်ဆင့်/ မွေခေါဝ်

Sign up here with your email
ConversionConversion EmoticonEmoticon