ဧပြီလ ၂၄ ရက်၊ မွန်းလွဲပိုင်း ၃ နာရီခန့် တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့ နယ်၊ ပဇီကျေးရွာ အနီး၊ မိုးကုတ်-ပြင်ဦးလွင်သွားကားလမ်း၊ မိုင်တိုင်အမှတ် ၄၃ နှင့် ၄၄ ကြား လျှိုအတွင်း၌ တွေ့ရှိရသောဘုန်းကြီးတော်ကြီး ဟု ယူဆရသည့် ရုပ်ကလပ် တစ်ခု၊အမျိုး သား ၁ ဦး၊ အမျိုးသမီး ၂ ဦးတို့၏အလောင်း ၂ခု ၊ စုစုပေါင်းရုပ်အလောင်း ၄ လောင်းကို မိုးကုတ် မြို့  “မြတ်ရတနာ´´ နာရေးကူညီမှု အသင်းက ဧပြီလ ၂၇ ရက်တွင် သွားရောက်ကောက် ယူပြီး ဧပြီလ ၂၈ ရက်တွင် မန္တလေးဆေးရုံကြီး သို့ ပို့ဆောင် ပေးလိုက်ပြီ ဖြစ်ကြောင်း အလောင်းကောက်ယူရာတွင် ပါဝင်သည့် “မြတ်ရတနာ´´ နာရေးကူညီမှု အသင်း မှ တာဝန်ရှိသူတစ်ဦးက ဧပြီ လ ၂၈ ရက် တွင် Oriental News သို့ပြောသည်။
´´ပျောက်သွားတာကြာပြီ ဖြစ်တဲ့အတွက်အလောင်းကိုသွားဆယ်ရတာအခက်အခဲရှိပါတယ်။တောင်ကမတ်ဆောက်တဲ့အတွက်ခက်ခက်ခဲခဲနဲ့အပေါ် ရောက်အောင်ဆယ်ယူရပါတယ်။အလောင်းတွေကိုတော့မန္တလေးဆေးရုံကြီးကိုပို့ခဲပါတယ်။တောင်ပေါ်ကပြုတ်ကျတာ တစ်လကျော်ပြီးဖြစ်တဲ့အတွက် အရိုးတွေနဲ့အ၀တ် စတွေပဲတွေရတယ်။အပြည့်အစုံတော့ မရတော့ဘူး ၊ ကျွန်တော့်  အနေ နဲ့ ဒီလောက်ပဲ ပြောပိုင်ခွင့်ရှိပါတယ်“ ဟု ၄င်းက ဧပြီလ ၂၈ ရက်နေ့ ညနေ ပိုင်းတွင် Oriental News သို့ပြောသည်။
အဆိုပါကိစ္စနှင်ပတ်သက်၍ ကျောက် မဲ မြို့ နယ် ရဲတပ် ဖွဲ့ မှူးရဲ မှူးဝင်းခိုင်က ´´ ရုပ် အလောင်းတွေ ကို သယ် ယူသွားတယ်ဆိုတာမှန်ပါတယ်။ ဒီမနက် မှာပဲ ရုပ်အလောင်း လေး လောင်းကို မိုးကုတ် ဆေးရုံကနေ မန္တလေး ဆေးရုံကို ပို့ လိုက်တယ် လို့သိရပါတယ် ဗျ ။ ကျွန်တော် တို့ ကတော့ ဒီ အမှု နဲ့ ပတ် သက် ပြီး အမှု မှန်ပေါ်ပေါက်ရေး အတွက် ဆက်လက်ဆောင်ရွက်နေပါတယ်´´ ဟု ဧပြီလ ၂၈ ရက် ညနေပိုင်းတွင် Oriental News သို့ပြောသည်။
နောင်လေး ( Oriental News)
Sign up here with your email
ConversionConversion EmoticonEmoticon