ဒီည ပိုမိုပြီးနှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ လုပ်ပေးသင့်တဲ့ အချက် (၄) ချက်


စိတ်ဖိစီးမှု အရမ်းများလို့ ညအိပ်မပျော်နိုင်ဖြစ်တဲ့ အချိန်မျိုးကြုံရတဲ့အခါ နောက်တစ်နေ့ ပိုလို့တောင် စိတ်ဖိစီးမှုတွေ များလာပါသေးတယ်။ ဒီအချက်တွေက သင့်အတွက် အကူအညီဖြစ်စေပါလိမ့်မယ်။

၁။ အလင်းရောင်ကို ကြည့်ပါ

အိပ်ယာနိုးပြီး ၅ မိနစ်အတွင်း မိမိဦးနှောက်ကို “မနက်ခင်း” ရောက်နေပြီ ဖြစ်ကြောင်း အသိပေးဖို့ ကိုယ့်ကိုကိုယ် နေအလင်းရောင်နဲ့ အနည်းဆုံး မိနစ် ၃၀ ထိတွေ့နိုင်အောင် ကြိုးစားပါ။

၂။ မနက်ခင်း လေ့ကျင့်ခန်းလုပ်ပါ

မနက်ခင်းလေ့ကျင့်ခန်း မိနစ် (၃၀) လောက် ပုံမှန်လုပ်တဲ့ လူတွေဟာ လေ့ကျင့်ခန်းမလုပ်တဲ့သူတွေထက် မြန်မြန်ပိုအိပ်ပျော်ပါတယ်၊ အချိန်ကြာကြာပို အိပ်ကြပြီး ၇၅% နှစ်နှစ်ခြိုက်ခြိုက်ပိုမို အိပ်စက်ကြတယ်လို့ သုတေသနပြုချက် အသစ်တစ်ခုမှ ဖော်ပြထားပါတယ်။

၃။ ယောဂကျင့်ပါ

ယောဂထိုင်ခြင်းဟာ အလွန်တရာမှ ကောင်းမွန်ပါတယ်။ ယောဂကျင့်စဉ်ကို တစိုက်မတ်မတ် လုပ်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။

၎။ ညနေစာအတွက် ကစီဓာတ်များတဲ့အစာကို အနည်းငယ်သာစားပါ

မျောက်ဥ၊ ကျွေးဥ၊ ကန်စွန်းဥ သို့မဟုတ် (pasta) အီတလီခေါက်ဆွဲခြောက်စသည့် အစားအစားတွေ စားသုံးခြင်းဖြင့် ရရှိတဲ့ အင်ဆူလင်က ပိုမိုလျင်မြန်စွာ အိပ်ပျော်စေပါလိမ့်တယ်။

စိတ်ဖိစီးမှု အရမ်းများလို့ ညအိပ်မပျော်နိုင်ဖြစ်တဲ့ အချိန်မျိုးကြုံရတဲ့အခါ နောက်တစ်နေ့ ပိုလို့တောင် စိတ်ဖိစီးမှုတွေ များလာပါသေးတယ်။ ဒီအချက်တွေက သင့်အတွက် အကူအညီဖြစ်စေပါလိမ့်မယ်။

Trend Myanmar
Previous
Next Post »
Powered by Blogger.