Deep knowledge Ventures လုပ်ငန်းစု အဓိက ရှယ်ယာရှင် ဒီမီထရီ ကာမင်စကီ |
ဟောင်ကောင် အခြေစိုက် Deep knowledge Ventures လုပ်ငန်းစု အဓိက ရှယ်ယာရှင် ဖြစ်သော ဒီမီထရီ ကာမင်စကီက ၎င်း၏ ဒေါ်လာ တစ်သန်း ဆုကြေးကြောင့် စူပါ အသက်ရှည် လူသားများ ပေါ်ပေါက် လာမည်ဟု မျှော်လင့်ကြောင်း ပြောသည်။
လက်ရှိတွင် အသက် (၁၂၀) သည် လူသားများ အတွက် အသက်ရှင် နေထိုင်ဖို့ အဆုံးစွန် သက်တမ်း အဖြစ် သတ်မှတ်ထားသည်။ သို့သော် ပင်မကလပ်စည်း သုတေသနများ အားကောင်းလာခြင်း၊ တစ်သျှူးဟောင်းများ နေရာမှာ အသစ်များဖြင့် အစားထိုးခြင်း၊ အိုသူကို တစ်ဖန် ပျိုစေမည့် ဆေးဝါးသစ် သုတေသနများ ရှေ့တန်း ရောက်လာခြင်း တို့ကြောင့် မကြာခင်မှာပင် (၁၂၀) သက်တမ်းကို လူသားတွေ ကျော်လွန် နိုင်တော့မည်ဟု မစ္စတာ ကာမင်စကီက ပြောသည်။
ကမ္ဘာပေါ်တွင် သမိုင်းတင်ပြီး နောက်ပိုင်း လူသားများ အနက် ၁၉၉၇ ခုနှစ်က ကွယ်လွန်ခဲ့သော ပြင်သစ် လူမျိုး ယန်းကဲလ်မာသည် အသက် (၁၂၂) နှစ် (၆) လထိ အသက်ရှင်ကာ ကမ္ဘာ့အသက် အရှည်ဆုံး အဖြစ် စံချိန် တင်ထားသည်။ ထိုစံချိန်ကို ချိုးကာ အသက် (၁၂၃) နှစ်ထိ နေနိုင်သူကို ဒေါ်လာ တစ်သန်း ဆုချဖို့ ကာမင်စကီက စီစဉ်လိုက်ခြင်း ဖြစ်သည်။
လက်ရှိတွင် သက်ရှိ ထင်ရှား အသက်အရှည်ဆုံး အဖြစ် အသက် (၁၁၅) နှစ်ရှိ ဂျာရာလင်း တယ်လီ နှင့် ဆူဆန်နာ မူရှက်တ်ဂျုန်း တို့ရှိသည်။ နှစ်ဦးလုံးသည် အမေရိကန်များ ဖြစ်သည်။ တယ်လီက (၄၄) ရက် ပိုကြီးသည်။
အင်တာနက် အင်အားကြီး ဂူဂဲကုမ္ပဏီသည် အသက်ရှည်ကြောင်း နည်းလမ်းကောင်း ရှာကြံမည့် ကာလီကို ကုမ္ပဏီကို ထူထောင် ထားသလို အခြားသော လုပ်ငန်းကြီးများ၊ သန်းကြွယ် သူဌေးများသည်လည်း အသက်ရှည်မည့် နည်းလမ်းများ ရှာဖွေမည့် သုတေသန လုပ်ငန်းများစွာကို ရန်ပုံငွေများ ထောက်ပံ့ ပေးလျက် ရှိသည်။
messenger
http://trupowe.com/2015/04/12/russian-dmitry-kaminskiy-promise-give-us-1-million-for-123-year-old-person/
Sign up here with your email
ConversionConversion EmoticonEmoticon