အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး


အမျိုးသမီးတစ်ဦးက အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေး ဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ရိုမေးနီးယားနိုင်ငံ အနောက်ပိုင်းက Timisoara မြို့မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် Adelina Albu ဟာ အလားအလာရှိတဲ့ ဇီဝဗေဒဆိုင်ရာ ဖခင်တစ်ယောက်ကို ရှာဖွေနေပြီး မိဘပိုင်းဆိုင်ရာ အခွင့်အရေး
တွေ အားလုံးကို သူမလက်ထဲ ပေးအပ်ရမယ်လို့ Facebook မှာ ရေးသားထားခဲ့ပါတယ်။

ဒါပေမယ့် သူမဟာ ချစ်သူရည်းစား (သို့) ခင်ပွန်း အဖြစ် ပေါင်းသင်းသွားဖို့တော့ ဆန္ဒမရှိဘူးလို့ အခိုင်အမာ ဆိုလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေဟာ မရင့်ကျက်ကြတဲ့အတွက် ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

“အဖြစ်မရှိတဲ့ အချစ်ရေးမှာ အချိန်ကုန်ခံနေတာထက်စာရင် အဲဒီအတွက် ကျွန်မ ပိုက်ဆံ အကုန်ခံ လိုက်ပါ မယ်။ စတာလင်ပေါင် ၃၅၀ ပဲ ကုန်ပါတယ်။ အဲဒီအမျိုးသားလည်း တစ်ခဏတာ ပျော်ရွှင်ရမယ်။ ကျွန်မ လည်း ကလေးရမယ်”လို့ Adelina ကဆိုပါတယ်။

သူမရဲ့ ကမ်းလှမ်းမှုကို လက်ခံမယ့်သူဟာ မျိုးပွားခြင်း စစ်ဆေးမှုတွေကို အရင်ပြုလုပ်ရမယ်လို့ ဆိုပါတယ်။ Facebook သုံးစွဲသူအမြောက်အများဟာ Alina ကို အမှီအခိုကင်းမဲ့တဲ့ မိန်းမတစ်ယောက်ဖြစ်နေခြင်းနဲ့ ကလေးတစ်ယောက်ကို

ဖခင်မရှိပဲ ပြုစုပျိုးထောင်ချင်တဲ့ ဆန္ဒတို့ကြောင့် ၀ိုင်းဝန်း ချီးကျူးနေကြတယ်လို့ သိရပါတယ်။

Mario - Trend Myanmar
Previous
Next Post »
Powered by Blogger.