ရေရှည်လုံခြုံရေး ရရှိတဲ့ အထိ စစ်ဆင်ရေးတွေ ဆက်လုပ်သွား မယ်လို့ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျာမင် နာတန်ရာဟု က ပြောဆို လိုက်ပါတယ်။
အပစ်ရပ်တဲ့ အချိန်အတွင်း သွေးထွက် သံယိုမှုတွေ လျော့ကျ သွားပေမယ့် ဂါဇာမြောက်ပိုင်းက ဒုက္ခသည် စခန်းကို ဗုံးကျဲတိုက်ခိုက်ပြီး အပစ်ရပ်ရေးကို အစ္စရေးတွေ ဘက်က ချိုးဖောက်ခဲ့ တယ်လို့ ပါလစ္စတိုင်း ဘက် က ပြောပါတယ်။
စစ်သွေးကြွတွေရဲ့ ဒုံးကျည် သုံးပုံ တစ်ပုံကို အစ္စရေးတွေ ဘက်က ဖျက်ဆီး လိုက်နိုင်ကြောင်း၊ ကျန် သုံးပုံ တစ်ပုံ လောက်ကို အစ္စရေး နိုင်ငံဘက်ကို ဟားမတ်စ်တွေက ပစ်လွှတ်ခဲ့ပြီး ဒုံးကျည် ထောင်ဂဏန်း လောက် လက်ကျန် ရှိနေသေးတဲ့ အတွက် ရန်မူဖို့ အားခဲနေ သေးတာ ဖြစ်ပြီး ဟားမစ်တွေ အနေနဲ့ ဂါဇာကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကို ရပ်တန့် ရမယ်လို့ အစ္စရေး စစ်ရေးဆိုင်ရာ ပြောခွင့်ရသူ ဒုဗိုလ်မှူး ကြီး ပီတာလာနာ က ပြောပါတယ်။
တချိန် တည်းမှာပဲ အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ပါလစ္စတိုင်း အပြစ်မဲ့ ပြည်သူတွေ အပေါ် လူသတ်ပွဲ ဆင်နွှဲနေ တယ်လို့ ပြင်သစ်သမ္မတ ဖရန်ဆွာအောလွန်းက အစ္စရေးရဲ့ လုပ်ရပ်ကို ပြစ်တင် ဝေဖန်လိုက်ပါတယ်။
ဂါဇာတိုက်ပွဲနဲ့ ပတ်သက်ပြီး အရင်တုန်းက အစ္စရေးကို ထောက်ခံတဲ့ ပြင်သစ်နိုင်ငံဟာ အခုတော့ လေ သံပြောင်းလာတာ ဖြစ်ပါတယ်။
ဂါဇာတိုက်ပွဲကြောင့် လူပေါင်းဘယ်လောက်လောက်ရဲ့ အသက်ကို စတေးရမှာလဲဆိုပြီး ပြင်သစ်ဝန်ကြီးချုပ် လောရန့်ဖာဘိရပ်စ် ရဲ့ ထုတ်ပြန်ချက်ထဲမှာ မေးခွန်းထုတ်ထားပါတယ်။
ဥရောပအနေနဲ့ ငြိမ်းချမ်းရေးအတွက် အသားပေးလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဘယ်လ်ဂျီယံမှာ ပြုလုပ်ခဲ့တဲ့ ပထမ ကမ္ဘာ့စစ် နှစ် ၁၀၀ ပြည့်အခမ်းအနားမှာ ပြင်သစ်သမ္မတက ပြောဆိုလိုက်သလို အစီအစဉ်အပြီး သ တင်းထောက်ကို ပြောကြားရာမှာတော့ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်တယ်လို့ အစ္စရေး စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြင်သစ်သမ္မတက ဝေဖန် လိုက်ပါတယ်။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon