အသက် ၃၄ နှစ်အရွယ် အင်ဒိုနီရှားအိမ်ဖော် Khanifah ရဲ့ သွားနှစ်ချောင်းကို သူမရဲ့စင်္ကာပူအလုပ်ရှင်က တူနဲ့ချိုးခဲ့ပါတယ်။ပခုံးကိုလည်း ကတ်ကြေးနဲ့ထိုးခဲ့ပြီး သူမရဲ့ခေါင်းကို ငရုတ်ကျည်ပွေ့နဲ့ထုခဲ့ပါတယ်။
ကြမ်းပြင်ကို ပြောင်စင်အောင်မသုတ်ခြင်း သို့မဟုတ် မီးပူတိုက်ရာမှာ တွန့်ရာကျန်ခြင်းတို့ကြောင့် ဒီလို လုပ်ခံရတာဖြစ်တယ်လို့ အင်ဒိုနီးရှားမှာ ဆေးရုံတက်ခဲ့ရတဲ့ သူမက ပြောကြားခဲ့ပါတယ်။
တစ်နေ့မှာ ထမင်းတစ်နပ်သာကြွေးပြီး ထွက်မပြေးနိုင်အောင် အခန်းထဲ သော့ခတ်ထားတယ်လို့ ကလေး နှစ်ယောက်အမေ သူမက ဆိုပါတယ်။
နောက်ဆုံးမှာ အေဂျင်စီကိုမပြောဘဲ သူမကို အင်ဒိုနီးရှားပြန်လွှတ်ခဲ့ပါတယ်။“ကျွန်မက တအားကြီးကို အား နည်းနေတယ်။ သူတို့က ကျွန်မသေသွားမှာ ကြောက်ပုံရတယ်” လို့ The Sunday Times ကိုသူမက ပြော ကြားခဲ့ပါတယ်။
သမီးသေပြီဖြစ်ကြောင်းပြောတာကြောင့် အင်ဒိုနီးရှားကို သူမက ရုတ်တရက် ပြန်လာခဲ့ရတာ ဖြစ်ပါတယ်။
သူမရဲ့ခေါင်းနဲ့မျက်နှာက ဒဏ်ရာတွေကို ဖုံးထားဖို့အတွက် မျက်မှန်အနက်တပ်ကာ ခေါင်းပေါင်းပုဝါ ပတ် ထားပေးခဲ့တယ် လို့ဆိုပါတယ်။
အင်ဒိုနီးရှားပြန်ရောက်လို့ ယောကျာ်းဆီ ဖုန်းခေါ်တဲ့အချိန်မှ သူ့သမီးဘာမှ မဖြစ်ကြောင်းသိရတယ် လို့ဆိုပါတယ်။
နောက်ပိုင်းမှာ သူမကို ဆေးရုံပို့ခဲ့ပြီး သူမရဲ့ အင်ဒိုနီးရှားအေဂျင်စီကလည်း ညှင်းပန်းနှိပ်စက်ခံရတဲ့ ဒဏ် ရာတွေကိုဓာတ်ပုံရိုက်ကာ စင်္ကာပူက အင်ဒိုနီးရှားသံရုံးကို ပို့ခဲ့ပါတယ်။
သံရုံးကလူတွေက သူမကို စင်္ကာပူပြန်ခေါ်ပြီး အမှုဖွင့်ဖို့ ပြုလုပ်ခဲ့ပါတယ်။“ဒီအမှုကို ချက်ချင်း ကျွန်တော်တို့ ဆီပို့ခဲ့တယ့် အေးဂျင့်ကောင်းမျိုးရှိတာ သူကံကောင်းသွားတယ်” လို့ လက်ရှိ ဒီအမှုကို တာဝန်ယူဆောင် ရွက်နေသူ သံရုံးအရာရှိ Sukmo Yuwono က ပြောကြားခဲ့ပါတယ်။
သူမဟာ စင်္ကာပူနိုင်ငံကိုပြန်သွားပြီး ဒီအမှုကို ဖွင့်ခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ဧပြီ ၄ ရက်နေ့မှာ ဖွင့်ခဲ့တဲ့ မှတ်တမ်းအရ အလုပ်ရှင်က သူမရဲ့လက်သူကြွယ်ကိုလည်း နောက်လှန်ပြီး ချိုးခဲ့ပါ တယ်။
သူမရဲ့မျက်လုံးကို ကျည်ပွေ့နဲ့ထုပြီး ဆပ်ပြာမှုန့်တွေလည်း လောင်းထည့်ခဲ့တယ် လို့ဆိုပါတယ်။ ရင် ဘတ်တွေကိုလည်း တူနဲ့ထုပြီး လက်မှာလည်း ဓားလှီးရာတွေ တွေ့ခဲ့ပါတယ်။
phothutaw
Sign up here with your email
ConversionConversion EmoticonEmoticon