ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမို ကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူတွေ က တင်မြှောက်ကြောင်း ဒီမိုကရေစီရေးစဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ (MDCF) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သ တင်းဖော်ပြလို့ Bi မွန်းတည့်နေဂျာနယ် သတင်းသမားတွေကို ဇူလိုင်လမှာ ပုဒ်မ ၅ ည၊ ၅ (ဃ) နဲ့ အမှုဖွင့်ထားတာပါ။
ရန်ကုန်တိုင်း ပန်းဘဲတန်းတရားရုံးမှာ ဒီကနေ့ရုံးထုတ်ရာကနေ ပုဒ်မပြောင်းလဲလိုက်တာဖြစ်ပြီး အမှုတွဲ ၇ ဦးထဲက အယ်ဒီတာ ဦးရဲမင်းအောင်ကို အမှုကနေ တရားရှင်လွှတ်ပေးလိုက်တယ်လို့ ရှေ့နေ ဦးရောဘတ်စနေ်းအောင်က ပြောပါတယ်။
ဒီ ၇ ဦးအမှုတွဲမှာပါတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့ (MDCF) က ဦးနောင်နောင်ကိုတော့ အမှုတွဲကနေ ခွဲထုတ်လာပြီး ကျောက်တံတားမြိုနယ်တရားရုံးမှာ MDCF အဖွဲ့ခေါင်းဆောင် ဦးထင်ကျော်နဲ့ အမှုတွဲခဲ့တယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ဒါကြောင့် ဘိုင်မွန်းတည့်နေဂျာနယ်က အယ်ဒီတာ ၂ ဦး၊ သတင်းထောက် ၁ ဦးနဲ့၊ ထုတ်ဝေသူ ၂ ဦး စုစုပေါင်း ၅ ဦးကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဆက်လက်တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။
MDCF ခေါင်းဆောင် ဦးထင်ကျော်ဟာ ရန်ကုန်တိုင်း မြို့နယ် ၁၂ မြို့နယ်မှာ အလားတူ နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ အမှုတခုချင်းဆီအတွက် ရင်ဆိုင်နေရပါတယ်။
ဒါနဲ့ပတ်သက်လို့ ဦးထင်ကျော်အမှုကိုလည်း လိုက်နေတဲ့ ဦးရောဘတ်စန်းအောင်က ဥပဒေအရာမှာ အညီ အမျှ ဖြစ်စေရမယ်ဆိုတဲ့ ကုသလမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ မညီဘူးလို့ ထောက်ပြပါတယ်။
Bi မွန်းတည့်နေဂျာနယ် အမှုတွဲနဲ့ ဦးထင်ကျော် အမှုတွဲကို လိုက်ပါနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
အေးနိုင် | DVB
Sign up here with your email
ConversionConversion EmoticonEmoticon