မြန်မာအိမ်အကူကို နှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိ ပါးစော်ကားခြင်းတို့ဖြင့် တရားစွဲ ဆိုခံထားရသော စင်ကာပူအိမ် ရှင်လင်မယားနှစ်ဦးမှာ စွပ်စွဲချက် များကို ၀န်မခံဘဲ ချေပသွားမည် ဖြစ်၍ အမှုမှာ ကြန့်ကြာမည့် သဘောရှိကြောင်း မြန်မာအိမ်အ ကူဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသူများထံမှ သတင်းရရှိ သည်။
မြန်မာအိမ်အကူ မမိုးမိုးသန်းကို ၂၀၁၂ ခုနှစ်က ကြိမ်လုံးဖြင့် ရိုက်ခြင်း၊ အန်ဖတ်များစားခိုင်း ခြင်း၊ အ၀တ်အ စားချွတ်၍ ဓာတ်ပုံအရိုက်ခံခိုင်းခြင်း၊ ဆံပင်ဆွဲ၍ကြမ်းပြင်နှင့် ဆောင့်ခြင်းစသည့် နှိပ်စက်မှုများ ပြုလုပ်ခဲ့ သည်ဟု ဆိုကာ မမိုးမိုးသန်း၏ အိမ်ရှင်လင်မယားကို စင်ကာပူရဲတပ်ဖွဲ့က တရားစွဲဆိုထားခြင်း ဖြစ်သည်။
ဇူလိုင် ၃ ရက်က ပြုလုပ်ခဲ့ သည့် ရုံးချိန်းတွင် စွပ်စွဲခံရသူ အိမ်ရှင်လင်မယားက ၎င်းတို့၏ နှိပ်စက်ညှဉ်းပန်းမှု များကို ၀န်မခံ ဘဲ ခုခံချေပသွားမည်သဘောများ တွေ့နေရ၍ အမှုကြန့်ကြာနိုင်ခြင်း ဖြစ်ကြောင်း မြန်မာ အိမ်အကူ မမိုးမိုးသန်းဘက်မှ လိုက်ပါ ဆောင်ရွက်သည့် မကစ်တီက ပြောသည်။
‘‘ဒီနေ့ရုံးချိန်းမှာ မနက်ပိုင်း တစ်ချိန်ပြီးတော့ စီရင်ချက်ချရမှာကို မချဘဲနဲ့ ညနေဘက်ပြန်ချိန်း တယ်။ အိမ်ရှင်လင်မယားက ၀န် မခံဘူး။ အစ်မတို့ကတော့ လျော် ကြေးရစေချင်တယ်။ နောက်ထပ် ရုံးချိန်းကို သြဂုတ်လ ၁၁ ရက်ကိုတရားရုံးက ပြန်ချိန်းထားတယ်’’ ဟု ၎င်းကပြောသည်။
အဆိုပါအိမ်ရှင်လင်မယား မှာ စင်ကာပူတွင် အလုပ်လုပ် ကိုင်ခွင့်ပါမစ်ဖြင့် နေထိုင်နေပြီး ပြစ်မှုထင်ရှားပါက ပါမစ်ကို စင် ကာပူ လူ့စွမ်းအားဝန်ကြီးဌာနက ပြန်လည်ရုပ်သိမ်းနိုင်ကြောင်း The Strait Times သတင်းစာ ကဖော်ပြသည်။
စင်ကာပူအစိုးရက မမိုးမိုး သန်းဘက်မှ ရှေ့နေငှားရမ်းပေးထားပြီး မမိုးမိုးသန်း၏ နေထိုင် စားသောက်မှုအ တွက် စင်ကာပူ ရောက် ပြည်ပအလုပ်သမားအ ရေးဆောင်ရွက်ပေးသည့် Home က တာဝန်ယူကူညီ ထားကြောင်း Home တာဝန်ခံဒေါက်တာ သိန်းသန်းဝင်းကပြောကြားသည်။
‘‘တရားရုံးရောက်သွားပြီး ရဲ က အမှုဖွင့်အရေးယူထားတဲ့အ တွက် သူတို့ဥပဒေအတိုင်း ဆက် ဆောင်ရွက် မှာပါ။ တစ်ခါတလေ အမှုက တစ်နှစ်ကျော် ၂ နှစ် လောက်အထိ ကြာတတ်တော့ သူ့အနေနဲ့ နောက်ထပ်အိမ် ရှင်ဆီ မှာ အလုပ်မလုပ်ချင်ရင် ကျွန် တော်တို့အဖွဲ့မှာ လုပ်အားပေး သဘောကူခိုင်းပြီး ၀င်ငွေရအောင်ဖန် တီးပေးထားပါတယ်။ မမိုးမိုး သန်းကတော့ အခြေအနေ ကောင်းပါတယ်။ ပျော်ပျော်ရွှင် ရွှင်ပါပဲ’’ဟု ၎င်း ကပြောသည်။
စင်ကာပူရှိ ရှော့ပင်းမောလ်များတွင် မြန်မာအိမ်အကူများအား ရောင်းကုန်သဖွယ် ရောင်းချသည့် သတင်းကို သတင်းဌာန အချို့က ဖော်ပြလိုက်ပြီးနောက်
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန နှင့် စင်ကာပူဆိုင်ရာမြန်မာသံရုံး တာဝန်ရှိသူများက မြန်မာအိမ် အကူများ အရေးအတွက် စုံစမ်း ဖော်ထုတ်မှုများ စတင်ပြုလုပ်နေ ပြီဖြစ်သည်။
7day news
Sign up here with your email
ConversionConversion EmoticonEmoticon