” မိုးညအိပ်မက်မြူ” ဇာတ်ကားကို စရိုက်ကူးတဲ့အချိန်က မိုးတွင်း ကာလ မဟုတ်ဘူး။ ရာသီဥတုသာ ယာကောင်းမွန်တဲ့အချိန်မှာ ရုပ်ရှင်ဇာတ် ကားကြီးကို တည်တယ်။ ဒါပေမဲ့ ပထမဆုံး စရိုက်ကူးတဲ့နေ့မှာပဲ နာဂစ်စပြီးဖြစ်တယ်။ အစ်မတို့ရိုက်ကူးတဲ့ ရိုက်ကွင်းအိမ်က စားသောက်ဆိုင် တစ်ဆိုင်မှာပေါ့။ ဒီစားသောက်ဆိုင်က ညနေ ၄နာရီ လောက်ဆိုရင် ရှုတင်သိမ်းပေးရတယ်။ အဲဒီနေ့ကကျတော့ ဒီ နေ့ကတော့ မုန်တိုင်းဝင်မယ်။
ဒါကြောင့်ဆိုင်ကို စောစောပိတ်မယ်လို့ပြောတယ်။ ဒါနဲ့အစ်မတို့ကလည်း ဒါဆိုတစ်ညလုံးရိုက်မယ်ပေါ့။ ဒါပေမဲ့ ဆိုင်ရှင်က မုန်တိုင်းများ ဘာထင်နေလဲတဲ့။ အားလုံးပြန်ရမယ်လို့ပြောတယ်။ အဲဒီတော့ အစ်မတို့ စိတ်ထဲမှာ သဘောမကျဘူး။ မုန်တိုင်းများ ဘာထူးဆန်းသလဲပေါ့။
အစ်မတို့တစ်သက်လုံးမှာ မုန်တိုင်းဝင်တဲ့အခါ ရန်ကုန်ဆိုတာ ဘာမှဖြစ်တာမျိုးမှ မဟုတ်တာ။ ဆိုင်ရှင်က အတင်းပြန်ခိုင်းလို့သာ ပြန်ခဲ့ရတယ်။ သိပ်ပြန်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့အဲဒီ ညမှာပဲ နာဂစ်မုန်တိုင်းကြီးကြုံ ခဲ့ရတယ်။ အားလုံးပျက်စီးခဲ့တယ်။ ပြန်တောင်မရိုက်ကူးနိုင်တော့ဘူး။
မိုးတွင်းတစ်တွင်းလုံးကုန်အောင်ပြန်စောင့်ခဲ့ရတယ်။ မိုးကုန်လို့ ရာသီဥတု သာယာ ကောင်းမွန်တော့မှပဲ ဇာတ်ကားကို ပြန်ရိုက်ဖြစ်တာ” လို့ မိုးည အိပ်မက်မြူ ရုပ်ရှင်ဇာတ် ကားကြီးရိုက်ခဲ့တုန်းက ရိုက်ကွင်းမှာ မိုးနဲ့ပတ်သက်ပြီး အမှတ်တရ ဖြစ်ခဲ့ခြင်းကို ဒါရိုက်တာ ကြည်ဖြူသျှင်က ပြန်လည်ပြောပြပါတယ်။
မိုးညအိပ်မက်မြူရုပ်ရှင် ဇာတ်ကားကြီးတစ်ကားလုံးမှာ တစ်ဝက်နီးပါးလောက် မိုးရှာတဲ့အခန်းတွေ ထည့်သွင်းရိုက်ကူးထားပြီး မိုးအတုတွေနဲ့ ရိုက်ကူးခဲ့ကြောင်းရိုက်ကွင်းတစ် လျှောက်မိုးနဲ့ပတ်သက်ပြီး အမှတ်တရတွေလည်း အများကြီးရှိ ခဲ့ကြောင်း၊ ရိုက်ကွင်းမှာ ရိုက်ကူး နေရင်း မိုးတွေ ရွာချတာမျိုး ကြုံတွေ့ခဲ့ရကြောင်းဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
” မိုးအစစ်နဲ့ ရိုက်မယ်ဆိုရင်လည်း ရိုက်ကူးလို့မရဘူး။ မီးထိုးရခက်တယ်လေ။ လိုက်တင်ပိုင်း အရပေါ့။ အခုနောက်ပိုင်း ကင်မရာတွေကတော့ မိုးထဲမှာ ရိုက်လို့ရလောက်ပြီ။ လိုက်တင်မီးတွေကလည်းကောင်း သွားပြီ။ အစ်မတို့ဖြတ်သန်းခဲ့ရတဲ့ခေတ်ကကျတော့ ရုပ်ရှင်ရိုက်ကူးတဲ့ကင်မရာတွေက မိုးရွာထဲမှာရိုက်ကူး လို့လိုက်တင်လည်း မနိုင်သေးဘူးလေ” လို့မိုးညအိပ်မက်မြူ ဇာတ်ကားရိုက်ကူးတုန်းက အသုံးပြုခဲ့တဲ့ ကင်မရာပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြန်လည်ပြောပြပါတယ်။
ဇာတ်ကား ရိုက်ကူးအပြီး ရုပ်ရှင်ပိုစတာတွေထုတ်တဲ့အချိန်မှာလည်း ဇာတ်ကားကို ပိုရုပ်လုံးကြွအောင် လျှပ်စီးလက်နေတဲ့ ပုံစံကိုလည်း နောက်ခံ background အဖြစ်ထည့်သွင်းဖန်တီးထားတာတွေ့ရပါတယ်။ မိုးညအိပ်မက်မြူရုပ်ရှင်ဇာတ်ကားမှာတော့ ရဲအောင်၊ နေတိုး၊ အောင်ရဲလင်း၊ ခင်သီတာထွန်း၊ မိုးဟေကို၊ သင်ဇာဝင့်ကျော်၊ စိုးပြည့်သဇင်တို့က ပါဝင်သရုပ်ဆောင် ထားကြပါတယ်။
၂ဝဝ၉ ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် မိုးညအိပ်မက်မြူ ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို နေတိုးက ရရှိခဲ့ပြီး အကောင်း ဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုတော့ စိုးပြည့်သဇင်က ရရှိခဲ့တဲ့အတွက် အနုပညာအရအောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားလည်းဖြစ်ခဲ့ပါတယ်။
လင်းအက္ခရာ | Popular Journal
Sign up here with your email
ConversionConversion EmoticonEmoticon