လစာကိစ္စ ဆုံးဖြတ်ချက်မှားရင် သမိုင်းတရာခံဖြစ်မယ်လို့ ဦးရွှေမန်း သတိပေး

လွှတ်တော် ကိုယ်စားလှယ်တွေကို လစာတိုးပေးဖို့ ကိစ္စကို လွှတ်တော်က မှားယွင်းဆုံးဖြတ်မိရင် သမိုင်းတ ရားခံ ဖြစ်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတိပေးလိုက်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လစာဟာ လွှတ်တော်ဥက္ကဌနဲ့ ၁၃ ဆကွာခြားနေတယ်။ ဝန်ကြီးဌာနက အဆင့်မြင့် ဝန်ထမ်းတွေရဲ့ လစာနဲ့လည်း ကွာဟမှု မရှိတဲ့အတွက် ပြင်ဆင် တိုးမြှင့်ပေးဖို့ ချင်းပြည်နယ် မဲဆန္ဒ နယ်က ဒေါ်ဇာတ လန်းက တင်ပြခဲ့တာပါ။

လွှတ်တော် ကိုယ်စားလှယ်တွေ လစာကျပ်သုံးသိန်း ရရှိပြီးတော့ ဦးရွှေမန်းကတော့ ကျပ် ၃၅ သိန်းရပါ တယ်။ အဲဒီအပေါ်မှာ ဦးရွှေမန်းက “ကိုယ့်ကိုယ်ကို စိတ်မလုံမခြုံဖြစ်မိပါတယ်” လို့ ဝန်ခံပါတယ်။

ဇူလိုင်လ ၃ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုအဆင့် အဖွဲ့အ စည်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေကော်မတီဝင်တွေ ၊ နေပြည်
တော် ကောင်စီဝင်တွေရဲ့ စရိတ်၊ ချီးမြှင့်ငွေနဲ့ အဆောင်အရောင် တိုးမြင့်ပေးအပ်ရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေ ကြမ်း ၅ ခုကို ပြင်ဆင်အတည်ပြုဖို့ ဆွးနွေးခဲ့ကြပါတယ်။

“ကိုယ့်တရားကိုယ် စီရင်လို့ မရပါဘူး။ ဒီကိစ္စကို လွှတ်တော်က ဆုံးဖြတ်လိုက်လို့ မှားယွင်းနေမယ် ဆိုရင် တစ်သက်လုံး သမိုင်းတရားခံ အဖြစ်မခံနိုင်ပါဘူး” ဦးရွှေမန်းက ပြောပါတယ်။ လွှတ်တော် ကိုယ်စား လှယ်တွေရဲ့ လစာချီးမြှင့်ငွေကို လွှတ်တော် ဆုံးဖြတ်ချက်တဲ့နေရာမှာ တစ်ခုခု လွဲချော်ခဲ့ရင် မဲဆန္ဒရှင် ပြည် သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်မှာကို စိုးရိမ်တယ်လို့လည်း သူကဆိုပါတယ်။


The Voice


Previous
Next Post »
Powered by Blogger.