ဝက်အဖြစ် လှောင်ပြောင် ခံရပြီးနောက် အလှမယ်ဆုတွေ ရယူနိုင်ခဲ့သူ

အင်္ဂလန်နိုင်ငံ၊ ဒေါ်ချက်စတာ အရပ်ဒေသ မှာ နေထိုင်တဲ့ အသက်(၂၁)နှစ်အ ရွယ် ဒန်နီဟာ ငယ်စဉ် ဘ၀ တုန်းက အမျိုးမျိုး လှောင်ပြောင် ခံခဲ့ရပေမယ့် လက်ရှိ အချိန်မှာတော့ အလှမယ်ဆု သုံးဆုကို ရယူထား ပါတယ်။ ကျောင်း သားဘ၀မှာ လှောင်ပြောင်မှုတွေကြောင့် စိတ်ဆင်းရဲမှု မျိုးစုံ ကြုံခဲ့ရတာမို့ သူ့ကိုယ်သူ သတ်သေဖို့အထိ စဉ်းစား ခဲ့ပါတယ်။

ဒန်နီဟာ ငယ်ဘ၀တုန်းက အ၀လွန် ခဲ့တာမို့ ၀က်အဖြစ် ခေါ်ဆိုခံခဲ့ ရပါတယ်။ ပြီးခဲ့တဲ့ ခြောက်နှစ်တာ ကာလအတွင်းမှာ ဒန်နီဟာ အနေအထိုင်ကို ပြုပြင်ခဲ့ပြီး၊ လှပတဲ့ မိန်းကလေး တစ်ဦးဖြစ်အောင် ကြိုးစား ခဲ့ပါတယ်။ ဒန်နီ က““ကျွန်မဟာ အ၀လွန်ခဲ့ပြီး၊ ရုပ်လည်းဆိုး တာမို့ တန်ဖိုးမရှိတဲ့ အလုပ်ကို လုပ်ခဲ့တယ်လို့ ထင်ခဲ့ပါတယ်။

အသက်(၁၄)နှစ်အရွယ်မှာ ကျွန်မအတွက် အခက်အခဲဆုံး ကာလဖြစ်ခဲ့ပါတယ်။ နေ့တိုင်းလည်း ငိုခဲ့ရပါ တယ်။ အလှမယ် ပြိုင်ပွဲမ၀င်မီ အထိ ယုံကြည်မှုလည်း မရှိပါဘူး။

ဒါပေမဲ့ ကွဲပြားခြားနား သွားအောင် လုပ်နိုင် ခဲ့တယ်လို့ ခံစားမိပါတယ်။ ဒီလို အခြေအနေမျိုး ဖြစ်လာမယ်လို့ ထင်မှတ်ထားခြင်း မရှိပါ ဘူး””လို့ ပြောခဲ့ ပါတယ်။

ဒန်နီဟာ မိခင်ဖြစ်သူရဲ့ တွန်းအားပေးမှုနဲ့ အသက်(၁၇)နှစ် အရွယ် မှာ အလှ မယ်ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင် ရာ ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။ လက်ရှိအ ချိန်မှာ ဒန်နီဟာ ကလေးပြုစု ထိန်းသိမ်းရေးကျောင်း မှာ ၀င်ရောက် လုပ်ကိုင်နေပြီး အလှမယ် ပြိုင်ပွဲ တွေ ဆက်လက် ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားပါတယ်။

The Messenger
Previous
Next Post »
Powered by Blogger.