မီးလောင်မှုဖြစ်ပွားရာ သာကေတမြို့နယ် အမှတ်(၁)ဈေးအား တွေ့ရစဉ် |
မီးလောင်ကျွမ်းခဲ့သည့် ဈေးရုံမှာ(င)ရုံ ဖြစ်ပြီး ၎င်းဈေးရုံအတွင်း၌ ဆိုင်ခန်းပေါင်း ၄၄ ခန်းရှိကာ ယင်းတို့အနက် ၃၉ ခန်းမှာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ စုံစမ်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာက “မီးလောင်တယ်လို့ သတင်းရတာက ညနေ ၅ နာရီ ၂ဝ မိနစ်လောက်ကပါ။ ၅ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။ မီးစလောင်တဲ့ ဆိုင်ခန်းက ဖိနပ်ဆိုင်ပါ။ အဲဒီဖိနပ်ဆိုင်ပိုင်ရှင် ဖြစ်သူကို မီးပေါ့ဆမှုနဲ့အမှုဖွင့် အရေးယူထားပါတယ်” ဟု ပြောကြားသည်။
မီးလောင်းကျွမ်းခံရသည့် ဆိုင်ခန်းအချို့ |
မီးလောင်ကျွမ်းသွားသည့် ဆိုင်ခန်းတစ်ခန်း၏ ပိုင်ရှင်ဖြစ်သူက“ဒီနေ့က နေ့ဈေးနေ့ တစ်ဝက်ပိတ် တယ်။ အိမ်မှာနေနေတုန်း ဈေးမီးလောင်နေတယ်လို့ ဖုန်းဝင်လာလို့ ပြေးချလာတာ။ ဒီရောက်တော့ အားလုံးကုန်ပြီ” ဟု ပြောပြသည်။
“ညနေ ၄ နာရီလောက်ကစပြီး မီးခိုးတွေ အူထွက်လာလို့ မီးလောင်တယ်ဆိုတာ သိရတယ်။ ဘာကြောင့်လောင်လဲ ဆိုတာတော့ မသိရပေမယ့် မီးလောင်တဲ့အချိန်က ဈေးပိတ်ထားတဲ့အချိန်ပါ” ဟု ဈေးအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
မီးလောင်ကျွမ်းရာသို့ ကွပ်ကဲမှုယာဉ်အပါဝင် မီးသတ်ယာဉ်စုစုပေါင်း ၂၃ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၃ဝ ဦးဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဥာဏ်ဝင်းရှိန် | Eleven
Sign up here with your email
ConversionConversion EmoticonEmoticon