ရှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြိုနယ်ထဲမှာ ကျပ်သိန်းပေါင်း ၂ သောင်းကျော် တန်ဖိုး ရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေ ဖမ်းဆီးရမိတယ်လို့ တာချီလိတ်ခရိုင် မူးယစ်နှိမ်နင်းရေး (အထူး) ရဲတပ်ဖွဲ့ဝင် တာဝန်ကျဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
ကျပ်သိန်းပေါင်း ၂၂၆၂၄ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ အတူ လက်နက်တွေပါ ဇူလိုင်လ ၂၈ ရက် မနက် ၁၀ နာရီကျော်က လွယ်တောဝ်ခမ်းကျေးရွာအုပ်စု ဆိတ်ခြံကုန်းကျေးရွာအနီးမှာ ဖမ်းဆီးရမိတယ်လို့ တာဝန် ကျရဲဝန်ထမ်းက ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး လောလောဆယ် လူ ၂ ဦးကို ဖမ်းဆီးထားကြောင်းနဲ့ အသေးစိတ် အချက်အလက်ကို အမှုဖွင့်ပြီးမှ သတင်းထုတ်ပြန်မယ်လို့ ရဲဝန်ထမ်းက ပြောပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon