အိန္ဒိယနိုင်ငံ၏ အသက်အငယ်ဆုံး CEO နှစ်ယောက် ချာရာဘန် အသက် ၁၀ နှစ် ဆန်ဂျေကူမာရာ အသက် ၁၂ နှစ် ဖြစ်ပါတယ်။ ကျောင်းကတော့ ညီဖြစ်သူက ၆ တန်း အကိုဖြစ်သူက ၈ တန်းပါ။
၎င်းတို့ ညီအကို နှစ်ယောက်ဟာ အိန္ဒိယနိုင်ငံ၏ အသက်အငယ်ဆုံး CEO ဖြစ်တယ်လို့ သိရပါတယ်။ ဒီလောက် အသက်ငယ်ငယ် လေးနဲ့ CEO ဖြစ်သွားရတဲ့ အကြောင်းရင်း ကတော့ ဒီလိုပါ။ ညီအကိုနှစ်ယောက်ဟာ မိုဘိုင်းဖုန်း အတွက် Application ကို တီထွင် ဖန်းတီးခဲ့တယ်လို့ သိရပါတယ်။
သူတို့ တီထွင်ဖန်တီး လိုက်တဲ့ Application ကို အိန္ဒိယနိုင်ငံ မှာတင် အသုံးပြုတာ မဟုတ်ဘဲ နိုင်ငံပေါင်း ၂၀ ကတောင် အသိအမှတ်ပြု သုံးစွဲတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ထို Application ကို download စွဲသူပေါင်း ကလည်း အတော်လေးပင် များကြောင်း သိရပါတယ်။ Application အမည် ကတော့ Go Dimension ဖြစ်ပါတယ်။
yoyarlay
Sign up here with your email
ConversionConversion EmoticonEmoticon