လလံတံဆိပ် အတုများဖြင့် လိုင်စင်မဲ့ကား ၇ စီး ရောင်းချထားမှု


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် တရားမ၀င် လိုင်စင်မဲ့ ယာဉ်များအား ရှမ်းပြည်နယ် တရားရုံးမှ လေလံထုတ်ပေးသည်ဟု ဆိုကာ ရှမ်းပြည်နယ် တရားရုံး၏ ရှမ်းလေလံ တံဆိပ်ပါ ယာဉ်ထုတ် ယူခွင့် သက်သေခံလက်မှတ် (ပန်းရောင်ကဒ်)နှင့် တရားမ၀င်လိုင်စင်မဲ့ ယာဉ်များအား လေလံပေး ရောင်း ချလျက်ရှိကြောင်း သတင်းရရှိပါသည်။

အဆိုပါ သတင်းအရ တောင်ကြီးမြို့မ ရဲစခန်းမှ စုံစမ်းဖော်ထုတ်ရာ ကံသာရပ်ကွက်မှ ကိုအာကာထံမှ ၃ခ/xxxx၊ နံပါတ်ပါ VIGO အနက်ရောင် ယာဉ်အား ၁၄၃ သိန်းဖြင့်လည်းကောင်း၊ 5E/xxxx နံပါတ်ပါ CRV အဖြူရောင်ယာဉ်အား သိန်း ၆၀ ဖြင့်လည်းကောင်း၊ ညောင်ဖြူစခန်းရပ်ကွက်နေ ဦးမောင်စိုးထံမှ ၅ဂ/xxxx နံပါတ်ပါ WISH အဖြူရောင်ယာဉ်အား ၈၅သိန်းဖြင့်လည်းကောင်း၊ ကံသာရပ်ကွက်နေ ကိုထွန်းထွန်းဝင်း ထံမှ 5C/xxxx နံပါတ်ပါ CALDINA အနက်ရောင်ယာဉ်အား ၄၄၈၀၀၀၀ိ/-ဖြင့် လည်းကောင်း၊ 9F/xxxx နံပါတ်ပါ CRV အဖြူရောင် ယာဉ်အား ၃၄ သိန်းဖြင့်လည်းကောင်း၊ 3G/xxxx နံပါတ်ပါ WISH အဖြူရောင်ယ ဉ်အား ၄၈သိန်းဖြင့် လည်းကောင်း အသီးသီးဝယ်ယူထားကြသည့် ယာဉ်များနှင့်အတူ ပြည်နယ်တရားရေး ဦးစီးမှူး ဒေါ်ချယ်ရီကြည်၏ တံဆိပ်နှင့်လက်မှတ်၊ ရှမ်း-လေလံတံဆိပ်တုံးရိုက်နှိပ်ထားသည့် ယာဉ်ထုတ်ယူ ခွင့် သက်သေခံလက်မှတ် ၇ခုတို့အား သိမ်းဆည်းရမိ ခဲ့ပါသည်။

အဆိုပါ လိမ်လည်အတု ပြုလုပ်ရောင်းချသူ ရှမ်းပြည်နယ်တရားရုံး၊ ယာဉ်မောင်းကျွမ်းကျင် (၅) လင်းထွဋ်လေးမှ တရားဝင် လိုင်စင်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုကာ ယာဉ်များ အား ရောင်းချသဖြင့် ၀ယ်ယူခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဒါ့အပြင် ယာဉ်ထုတ်ယူခွင့် သက်သေခံ လက်မှတ် အတုပြုလုပ်ရာတွင် အသုံးပြုသော တံဆိပ်တုံးနှင့်စာရွက် စာတမ်းများအား သိမ်းဆည်းရရှိခဲ့သဖြင့် တရားမ၀င်လိုင်စင်မဲ့ယာဉ်များအား ၀ယ်ယူကာ ရှမ်းပြည်နယ် တရားရုံး၏ လေလံတင်ရောင်းချမည့် ယာဉ်များအဖြစ် ယာဉ်ထုတ်ယူခွင့်သက်သေခံလက်မှတ်အား လိမ်လည်အတုပြုလုပ်ကာ တရားမ၀င်လိုင်စင်မဲ့ယာဉ်အား ၀ယ်ယူရောင်းချပြီး ကိုယ့်ကျိုးအတွက် သုံးစွဲသူ လင်းထွဋ်လေးအား တောင်ကြီး မြို့ရဲစခန်း (ပ) ၁၅၄/၂၀၁၄ ၊ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ အရ အရေးယူ ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် အရသိရပါသည်။


THIT HTOO LWIN
Previous
Next Post »
Powered by Blogger.