ဂျီယန်စတီဖာနီဟာ ငွေကြေးကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဒါန်းခြင်း မဟုတ်ပါဘူး။ သူ့ရဲ့ ကျောက်ကပ်ကို လုံးဝ မသိရှိတဲ့ သူစိမ်းတစ်ဦးကို လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး မျိုးပွားဥ ကိုလည်း ကလေးလိုချင်တဲ့ ဇနီးမောင်နှံ ကိုလည်း လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အသည်းကိုလည်း ဝေဒနာခံစားနေရတဲ့ ကလေးငယ်တစ်ဦးကို လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
ဂျီယန်စတီဖာနီဟာ တစ်စုံတစ်ခုကို လှူဒါန်းပြီး ဘ၀မှာ ပြန်လည် နိုးထနိုင်တဲ့ မြင်ကွင်းကို မြင်တွေ့ရတာဟာ အရမ်းကို ကျေနပ်စရာ ကောင်း ပါတယ်။ လက်ရှိအချိန်မှာ ကျွန်မဟာ အဆုပ်ကို လှူဒါန်းမှုပြုလုပ် လိုပါတယ်။ ဒါပေမဲ့ အင်္ဂလန်မှာတော့ လုပ်လို့မရပါဘူး။ လုပ်နိုင်တဲ့ နေရာမှာ လှူဒါန်း သွားဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံမှာ ခန္ဓာကိုယ် လှူဒါန်းမှုကို ကန့်သတ်ချက်တွေ ထားရှိထားပြီး အဆုပ်ကို လှူဒါန်းမှု တားမြစ် ပိတ်ပင်ထားပါတယ်။ ဂျီယန်စတီဖာနီက ကျွန်မဟာ ကျောက်ကပ်ကို ၂၀၀၁ မှာ စတင် လှူဒါန်းခဲ့ပါတယ်။ လူတစ်ယောက်ဟာ အသက်ရှင်ဖို့ အတွက် ကျောက်ကပ်နှစ်ခု မလိုအပ်ပါဘူး။ ကျောက်ကပ် တစ်ခုတည်းနဲ့ အသက်ရှင် နေထိုင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ကျောက်ကပ် ကို လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက အင်္ဂလန်မှာ ကျောက်ကပ်ကို တရားဝင် လှူဒါန်းလို့ မရသေးပါဘူး။ ကျောက်ကပ် ကို ငွေကြေး နဲ့ ရောင်စားမှုတွေရှိ နေပါတယ်။ ကျွန်မရဲ့ ကျောက်ကပ်ကို အမေရိကန် ပြည်ထောင်စု မှာ သွားရောက် လှူဒန်းခဲ့တာ ဖြစ်ပါတယ် လို့ ဆိုခဲ့ပါ တယ်။ ဂျီယန်စတီဖာနီ ဟာ အဲဒီတုန်းက အသက် (၆၀) ရှိ နေပြီဖြစ်တဲ့ ကျောက်ကပ် ဝေဒနာခံစားနေရတဲ့ အဘိုးအို တစ်ဦးကို လှူဒါန်းမှုပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အဲဒီအဘိုးအိုဟာ အသက် (၇၃) နှစ်ရှိနေ ပြီဖြစ်ပေမယ့် ကျန်းမာနေဆဲဖြစ်ပါတယ်။ ဒီနောက် ဂျီယန်စတီဖာနီဟာ အသက် (၄၀) အရွယ်မှာ ကလေးမရလို့ စိတ်ပျက်လက်ပျက်ဖြစ် နေကြတဲ့ သြစတြေးလျ ဇနီးမောင်နှံကို မျိုးပွားဥတွေ လှူဒါန်းမှုပြုလုပ်ခဲ့ ပါတယ်။ လှူဒါန်းပြီးတဲ့ နောက်မှာ အဆက်အသွယ် မရတော့လို့ ကလေးရမရဆိုတာ သေချာ မသိရှိ ရပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ မှာတော့ အသက်နှစ်နှစ်သာ ရှိသေးတဲ့ ကလေးငယ် ကို အသည်း လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။
ဒီကလေးငယ်ဟာ သေအံဆဲဆဲ ဖြစ်နေပေမယ့် ဂျီယန်စတီဖာနီရဲ့ လှူဒါန်းမှုကြောင့် အသက်ရှည် နေ ထိုင်နိုင်ခဲ့ပါတယ်။ ဂျီယန်စတီဖာနီဟာ သူ့ရဲ့အဆုပ်ကို လှူဒါန်းသွားဖို့ ကြိုးစားသွားဦးမှာ ဖြစ်ပါတယ်။ ဂျီယန်စတီဖာနီမှာ အသက် (၅၁) နှစ်အရွယ် ခင်ပွန်းဖြစ်သူနဲ့ အသက်(၁၉) နှစ် အရွယ်သားတစ်ဦး ရှိ နေပေမယ့် သူတို့တွေက ဒီလုပ်ရပ်အပေါ် ကန့်ကွက်ခြင်း မရှိတဲ့ အပြင် ထောက်ခံမှုတွေပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
အေသင်အောင် | Messenger
Sign up here with your email
ConversionConversion EmoticonEmoticon