ဂျေညီညီရဲ့ အလွမ်းကဖေးထဲလို နာမည်ဆန်းတဲ့ လက်ဖက်ရည်ဆိုင်တော့ မဟုတ်ပါဘူး။ နိုင်ငံရေးဆန်ဆန် နာမည်ဆန်းတဲ့ အစားအသောက် ဟင်းလျာတွေကို ရန်ကုန် လမ်းမတော်က ဝါးတန်းလမ်းမှာ ကိုထွန်းထွန်း ဦး ကိုယ်တိုင် ချက်ပြုတ်ပေးနေပါတယ်။
ခရိုနီ ကြက်သား/ဝက်သား၊ မရှိလယ်သမားဟင်းချို၊ ပွင့်လင်းဟင်းချို၊ ၈၈ နရိုး စတဲ့ ဟင်းလျာတွေမှာ ပေး ချင်တဲ့ အကြောင်းအရာနဲ့ ရည်ရွယ်ချက်တွေရှိသလို ခပ်စောင်းစောင်းချိတ်ထားတဲ့ Menu က တိမ်းစောင်းနေ တဲ့ မြန်မာပြည်နိုင်ငံရေးကို တင်စားထားတာလို့ ပြောပါတယ်။ အဓိပ္ပာယ်တွေပြည့်နေတဲ့ ဟင်းလျာတွေထဲက စားဖိုမှူးပြောပြချင်တာက ၈၈နံရိုးဟင်းပါ။
၈၈မျိုးဆက် ကျောင်းသားတွေရဲ့ နုနယ်တဲ့ နိုင်ငံရေးကို တင်စားတဲ့ နံရိုး၊ ၈၈ အရေးအခင်းရဲ့ အထင်ကရ အဖြူအစိမ်းကျောင်းသားတွေကို ရည်ညွှန်းတဲ့ ကြက်သွန်ဖြူ၊ ပင်စိမ်းနဲ့ ရှမ်းနံနံ၊ ရဲရဲတောက်ပြည်သူက အာလူးနဲ့ ခရမ်းချဉ်သီး၊ တြိဂံပုံ ဖရဲသီးကတော့ ဆမူဆာအောင်ကြီးလို့ လူသိများတဲ့ ဗိုလ်မှူး ချုပ်ဟောင်း အောင်ကြီးပါလို့ ပြောပါတယ်။
ချိုစိမ့်၊ ငံစိမ့်၊ အစပ်နဲ့ အချဉ်လေးပါသယောင် နို့စိမ်းလေးထပ်ပေါက်လိုက်ရင် အရသာပေါင်းစုံရမယ့် ၈၈ နံရိုးအရသာဟာ လျှာပေါ်မှာ စွဲကျန်နေပါတော့မယ်။
နိုင်ငံရေးထဲ ကိုယ်တိုင်ကိုယ်ကျ မပါနိုင်ဘဲ ကျွမ်းကျင်တဲ့ အချက်အပြုတ်ပညာနဲ့ နိုင်ငံရေးအကြောင်း ပြည် သူတွေသိလာဖို့ ကြိုးစားနေတဲ့သူက တီထွင်ဖန်တီးမှုနဲ့ ဆန်းသစ်မှုကသာ လူတွေကို ဆွဲဆောင်နိုင်တာမို့ အစားအသောက် ချက်ပြုတ်ရာမှာ Upgrade လုပ်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံရေးဟင်းတွေကို မြည်းစမ်းချင်ရင်တော့ ကမ်းနားလမ်းနဲ့ ဝါးတန်းလမ်းထောင့်က တောင်ထိပ်ပန်းပွင့် ဆိုင်လေးကို ကိုယ်တိုင်သွားနိုင်ပါတယ်။
kamayutmedia
Sign up here with your email
ConversionConversion EmoticonEmoticon