စကိတ်စီးသူတွေဟာ အများအမြင်မှာ လမ်းသရဲ၊ လူဆိုးလူမိုက်လို့ ထင်နေတာ မဖြစ်သင့်ဘဲ စကိတ်ဆိုတာ အားကစားတစ်ခုကို ရူးသွပ်တဲ့လူငယ်တွေဆိုတဲ့ သတင်စကားကို ပါးချင်တာဖြစ်ပြီး စကိတ်အားကစား ဖွံ့ဖြိုးလာဖို့ တာဆူနေချိန်မှာ အခက်အခဲတွေကြားက ပွဲတစ်ခု မဖြစ်ဖြစ်အောင် လုပ်ခဲ့ရတယ်လို့ ကိုပီရူး က ပြောပါတယ်။
စကိတ်စီးတာကို ရှုတ်ချတဲ့ No Skateboarding ဆိုတဲ့ လမ်းမတွေပေါ် ရေးသားချက်တွေကို ပုံစံပြောင်းပြီး Go Skateboarding ဆိုပြီး စတင်ခဲ့တဲ့ ဇွန် ၂၁ကို အစွဲပြုပြီး နိုင်ငံတကာမှာ စကိတ်စီးပြိုင်ပွဲကို ကျင်းပလေ့ ရှိတယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်က စကိတ်စီးတာကို အားပေးတဲ့အနေနဲ့ ၂ဝဝ၄ကစပြီး Go Skateboarding Day ကို ကျင်းပခဲ့ပြီး ကမ္ဘာတဝှမ်းကမြို့တွေမှာလည်း စကိတ်သမားတွေ သန်းနဲ့ချီ ပါဝင်ခဲ့ကြပါတယ်။
မြန်မာပြည်မှာ ပထမဆုံးကျင်းပတဲ့ Go Skateboarding Day ပြိုင်ပွဲမှာ အငယ်တန်း စကိတ်သမား ၁၂ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယနဲ့ တတိယဆုတွေအဖြစ် စကိတ်ဘုတ်သီးသန့်၊ ဦးထုပ်နဲ့ စက်ဘီးတွေ ချီးမြှင့်ခဲ့ပါတယ်။
kamayutmedia
Sign up here with your email
ConversionConversion EmoticonEmoticon