မြန်မာလူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရဖို့နဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေ ဝန်ထမ်းကောင်း
တွေ ရဖို့ KMD နဲ့ ကုမ္ပဏီအချို့ ပူးပေါင်းပြီး ဒုတိယအကြိမ် KMD Career Fair ကို ဇန်နဝါရီ ၂၁ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဘယ်ကုမ္ပဏီတွေမှာ အလုပ်လျှောက်နိုင်မလဲ။
KMD အပါအဝင် သင်တန်းကျောင်းတွေမှာ ကျောင်းသားတွေဟာ သင်တန်းပြီးဆုံးတဲ့အခါ အလုပ်အကိုင် ရှာဖွေဖို့ တစ်နေရာဝင် တစ်နေရာထွက်နဲ့ ပင်ပင်ပန်းပန်း ရှာနေကြရပြီး အခုလို Career Fairမှာတော့ တစ်နေရာတည်းမှာပဲ စိတ်ပါဝင်စားတဲ့ကုမ္ပဏီတွေမှာ ဝင်ရောက်လျှောက်ထားနိုင်ဖို့၊ သင်တန်းသားတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရသွားနိုင်ဖို့ မျှော်လင့်တယ်လို့ မမိုးစန္ဒာအောင်က ဆိုပါ တယ်။
မြေနီကုန်း KMD Training Center မှာ ကျင်းပတဲ့ အလုပ်အကိုင်ပြပွဲမှာ MIT, Eazy Directory, CGM, Myanmar CP Livestock, KT Group, 7thComputing, True စတဲ့ ကုမ္ပဏီ ၁၂ခုက ပါဝင်ပြသနေပြီး KMDသင်တန်းသားအပြင် အခြား စိတ်ပါဝင်စားသူ ဘယ်သူမဆို လာရောက်လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုကို တစ်ဖက်တစ်လမ်းက အကူအညီပေးနိုင်သလို ပညာသင်ကြား ဆဲဖြစ်လို့ သတ်မှတ်အရည်အချင်းတွေ မပြည့်သေးသူ၊ ကြိုက်နှစ်သက်ရာ အလုပ်ကို မရသေးသူတွေအ တွက်လည်း အတွေ့အကြုံကောင်းတွေရနိုင်တဲ့အကြောင်း၊ ကျွမ်းကျင်မှုအရည်အချင်းတွေ မြှင့်တင်သွားရင် အလုပ်ကောင်းတွေရနိုင်ပါတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာကုမ္ပဏီတွေကလည်း ဝင်ရောက်လာနေတာမို့ ဘာသာရပ်အမျိုးမျိုးကို လေ့လာနေဆဲ ကျောင်း သားတွေအတွက် အခွင့်အလမ်းကောင်းတွေ အများကြီးရှိနေတာမို့ အရည်အချင်းတွေကိုသာ မြှင့်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
kamayutmedia
Sign up here with your email
ConversionConversion EmoticonEmoticon