မကြာသေးခင်က ပရိသတ်တွေကြား ဂီတစာဆိုအယ်လ်နဲ့ ထပ်မံရေပန်းစားခဲ့ပြန်တဲ့ လွှမ်းပိုင်နဲ့ တွေ့ဆုံခိုက် သိချင်တာလေးတွေ ခုလိုမေးမြန်းဖြစ်တဲ့အခါ
မေး - ဂီတစာဆို လွှမ်းပိုင် အခွေနဲ့ ပတ်သတ်ပြီး ရောင်းအားနဲ့ ပရိသတ်ဆီက ပြန်ကြားရတာက။
ဖြေ - အင်းတော်တော်လေး အားပေးကြပါတယ်။ ကြိုက်လဲကြိုက်ကြတယ်။ ခုချိန်ထိလဲ အားပေးနေကြတယ် ။ ၀ယ်နေကြတုန်းဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရောင်းအားက ကျွန်တော် အခွေ ၂၀၀၀၀ ထုတ်ထား တာ ၁၇၀၀၀လောက်ကျန်သေးတယ်ဆိုတော့ မဆိုးဘူးပေါ့နော်။
မေး - ဒီ ဂီတစာဆိုထဲမှာ ဘိုကေအောင်မြင်ခဲ့တုန်းကလိုမျိုး သီချင်းပုံစံတွေ ပြန်လုပ်ထားတာတွေ့ရတော့ commercial အရ ပြန်ထည့်ထားတာမျိုးလို့ပြောရမလား။
ဖြေ - ကျွန်တော်ကတော့ သိပ်မထင်ဘူးဗျ။ သိပ်မထင်ဘူးဆိုတာ တူတယ်လို့ ကျွန်တော့ကိုကျွန်တော် မထင်မိသလိုပဲ။
မေး - ၀င်းဦးအသံလိုမျိုးတွေ လုပ်ဆိုထားတာလည်း တွေ့ရတယ်နော်။ အဲ့လိုလုပ်ဖြစ်တာက ဘယ်လိုမျိုးကြောင့်များလဲ။
ဖြေ - ရှေးခေတ် သီချင်းပုံစံလိုမျိုးလုပ်ချင်တယ်ပေါ့နော်။ ရှေးခေတ်ရုပ်ရှင်ထဲကလိုမျိုးပေါ့။ အဲ့ဒါနဲ့ပဲလုပ်ဖြစ် တာပါ။ ပရိသတ်တွေလဲ အဲ့ကိုကိုသီချင်းလေးကို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မေး - 2NE1 လာရောက်ဖျော်ဖြေမဲ့ အပေါ်မှာရော ဂီတသမားတစ်ယောက်အနေနဲ့ဘယ်လိုသုံးသပ်မိလဲ။
ဖြေ - အဓိကကတော့ ပရိသတ်တွေက ဒီချိန်မှာ ပြည်တွင်းပြည်ပမခွဲခြားပဲ အားပေးနေကြတယ်ပေါ့နော်။ 2NE1 ကမ္ဘာကျော် အဖွဲ့ မြန်မာနိုင်ငံကို တကယ်လာရောက်တော့မယ်ဆိုတော့ တကယ်လဲ လာဖြစ်ခဲ့တယ် ဆိုတော့ ကောင်းပါတယ်။ ကျွန်တော်တို့လဲ အဲ့ပွဲလေးကို သွားကြည့်မှာပါ။
မေး - ဂီတစာဆို အမ်တီဗီကကော ဘယ်နှပုဒ်လောက်ပြီးနေပြီလဲ။
ဖြေ - ကျွန်တော် တစ်ပုဒ်ပြီးသွားပြီ။ နောက်သီချင်းတွေကို ဆက်ရိုက်ဖို့အတွက် ရှေ့လလောက်မှာ ၂ ပုဒ်လောက် ထပ်ရိုက်ဖို့စီစဉ်နေပါတယ်။ ကျိန်စာက ရိုက်ပြီးပြီ။ ကျွန်တော်နဲ့ ဒုံးပျံအခွေထဲမှာ ရိုက်ဖူးတဲ့ စတယ်လာဆိုတဲ့ တစ်ယောက်ပေါ့။ သူနဲ့ ရိုက်ထားတာပေါ့။ ပရိသတ် တွေမမြင်ဖူးသေးတဲ့ ပုံစံမျိုး ဖန်တီးထားတာပါ။
မေး - ဒုံးပျံအခွေတုန်းက ဆုရခဲ့တယ်ဆိုတော့ ဒီအခွေမှာ မဂွမ်းအောင်ရော ဘယ်လို ဖန်တီးသွားမလဲ။
ဖြေ - အဓိကကတော့ ပထမခွေထက် မညံ့အောင်ပေါ့။ ပထမခွေထက် ပိုကောင်းအောင်လုပ်ဖို့ကိုလဲ စဉ်းစားထားတယ်။ အချိန်ရော၊ လူရော၊ လုပ်အားရော၊ ငွေကြေးရော အားလုံးနှစ်ပြီး ပရိသတ်အတွက် အဆန်းပြားဆုံးဖြစ်အောင် ကြိုးစားသွားမယ်။
မေး - ရီဟားနားအမ်တီဗီလိုမျိုးရိုက်ထားတဲ့ မဝေးဘူး လို ရိုက်ချက်တွေရော ဂီတစာဆိုမှာ ပြန်ဖန်တီး ဖြစ်ဦး မလား။
ဖြေ - အဲလိုမျိုးဒီဇိုင်းတော့ မဟုတ်တော့ဘူး။ လူမိုက်မဟုတ်တော့ဘူးပေါ့။ ဒါပေမဲ့ အဆန်းပြားဆုံးနဲ့ ပရိသတ် စိတ်ဝင်စားမှု အရှိဆုံးဖြစ်အောင်တော့ ဒါရိုက်တာတွေနဲ့တိုင်ပင်ပြီးဖန်တီးသွားပါမယ်။
မေး - ၉ လပိုင်းမှာ ကိုဘိုစန်းတို့နဲ့ရိုက်မဲ့ ကားကရော။
ဖြေ - အဲဒါကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ပဲ ဆိုတော့ ၊ ပြီးတော့ ထုတ်လုပ်သူက ကိုဘိုစန်းဖြစ်နေ တာကြောင့် ရိုက်ဖြစ်ခဲ့တာပေါ့နော်။ ရိုက်မဲ့သူတွေက ကျွန်တော်ရယ်၊ထက်ထက်ရယ်၊ နန်းမြတ်ဖြိုးသင်းရယ်၊ ရဲရင့်အောင်ရယ်ပေါ့။ ခုလောလောဆယ်တော့ ၄ယောက်ပေါ့။ ဒါရိုက်တာက ကိုဝင်းလွင်ထက်ပေါ့။ ကျွန်တော်ကတော့ လူငယ်ကျောင်းကားမို့လို့ ကျွန်တော်လဲကြိုက်လို့လက်ခံဖြစ်ခဲ့တာပါပေါ့နော်။
မေး - တခြားထုတ်လုပ်ရေးတွေ လာကမ်းလှမ်းရင်ရော လက်ခံရိုက်ကူးဖို့ ရှိပါသလား။
ဖြေ - တခြားထုတ်လုပ်ရေးတွေ လာကမ်းလှမ်းရင်တော့ ရိုက်ဖြစ်မှာ မဟုတ်ပါဘူး။ ရှိလဲရှိမှာ မဟုတ်ပါဘူး။
မေး - အချစ်ရေးကရော။
ဖြေ - အချစ်ရေးကတော့ ဒီလိုပါပဲ။
မေး - ချစ်သက်တမ်း ဘယ်လောက်ရှိသွားပြီလဲ။
ဖြေ - မဖြေတော့ပါဘူး။ တော်ပြီ။
ခင်ဆွေသက် | Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon